- ငုံးဥပဲငံပြာရည်စိမ် လုပ်စားဖြစ်တဲ့အကြောင်းလေး တင်ပေးလိုက်ပါတယ်.....။
- ငုံးဥကို ဆားလေးထည့်ပြုတ်တယ် ။ ( အခွံခွါရလွယ်အောင် )
- ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူကို ပါးပါးလှီး.....
- ခွက်အလွတ်တစ်ခုထဲကို ပဲငံပြာရည်အကြည် / ရေနွေးနည်းနည်းရော
အခွံနွှာထားတဲ့ ငုံးဥတွေထည့် ၊ ငရုတ်သီး ၊ ကြက်သွန်ဖြူ ၊ ဆား ၊ အချိုမှုန့် ၊
နှမ်းဆီးမွေး ၊ နှမ်းစေ့ထည့်ပြီးရင် အဖုံးလုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲ
ထည့်ပြီး ၅ ရက်လောက်နေရင် စားလို့ရပါပြီ.....။
- ခေါက်ဆွဲနဲ့ပဲစားစား ၊ သုပ်ပဲစားစား အရမ်းအရသာကောင်းတဲ့ ငုံးဥပဲငံပြာရည်
စိမ်လေး ရပါပြီ....။
# ငုံးဥပဲငံပြာရည်စိမ်
#crd
