ဘာလို့ အိပ်ရေးမဝ ဖြစ်ကြရတာလဲ ?
၁။ တချို့က ၈နာရီ အိပ်စက်ကြသော်လည်း နိုးလာတဲ့အခါ အိပ်ချင်မူးတူး ဖြစ်နေသေးတယ်။ စိတ်မကြည်လင်၊ မလန်းဆန်းဘူးဖြစ်နေတယ်။
- ဘာကြောင့် အဲဒီလိုဖြစ်ရတာလဲဆိုရင် စိတ်မှာ တင်းကြပ်မှု၊ ခန္ဓာကိုယ် တင်းကြပ်မှုတွေနဲ. အိပ်သွားလို့ ဖြစ်ပါတယ်။ ဒါကြောင့် အားပြန်ပြည့်မှု မဖြစ်နိုင်တော့ဘူး။ သတိမထားပဲ ဆက်သွားလို့ အခန့်မသင့်ခဲ့လျှင် nervous break down ဖြစ်နိုင်ပါတယ်။
၂။ ဆေးပညာ၏ လက်တွေ့ စမ်းသပ်ချက်။
- အမေရိက ဆေးပညာရှင်တစ်ယောက်၊ ခန္ဓာကိုယ်မှာ electronic senser တွေ တပ်ထားပြီး ကွန်ပျူတာသို့ ဆက်သွယ်ကာ၊ screen မှာ စောင့်ကြည့် နေခဲ့ပါတယ်။
- ခန္ဓာကိုယ်ကို relax လုပ်လိုက်ရင် blood pressure ကျသွားတာ တွေ့ရတယ်။
- စိတ်နည်းနည်းပူတာနဲ့ heart beat က တက်လာပြီး၊ စိတ်နည်းနည်း အေးသွားတာနဲ. heart beat က လျော့ကြသွားတယ်။
- အိပ်ပျော်နေတဲ့ အချိန်မှာလည်း အနည်းငယ်သာ လျော့ကြသွားပြီး၊ tension တွေရှိနေတာ တွေ့ရတယ်။ ဒါကို residual tension လို့ ခေါ်တယ်။ " လက်ကျန် တင်းကြပ်မှု " လို့ ခေါ်တယ်။
၃။ ဘယ်လို အိပ်ကြမလဲ။ ( Enough is enough )
- မအိပ်ခင်မှာ အချိန်နည်းနည်း တရား ရှုမှတ်ပါ။ ( ထိုင်၍ဖြစ်စေ၊ လှဲ၍ဖြစ်စေ )
- အိပ်မှတ်တဲ့အခါ ကိုယ့်အသက်ရှုသံကပင် အကျယ်ကြီး ဖြစ်နေတတ်တယ်။
- မှတ်ရင်း၊ မှတ်ရင်း ရှုသံက နူးညံ့လာတယ်။ နောက်ကျရင် အသက်မှ ရှုရဲ့ လားထင်မှတ်ရလောက်အောင် နူးညံ့လာပါတယ်။
- စိတ်ဆိုတာက တရားမှတ်နေရင်း အလုပ် ကိစ္စတွေးလိုက်၊ ဟိုတွေးလိုက်၊ သည်တွေးလိုက် ဖြစ်နေတတ်တယ်။ တစ်နေကုန် တွေးခဲ့လုပ်ခဲ့ပြီးပြီ။ Enough is enough , ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားအောင် ကြိုးစားမယ်လို့ ဆုံးဖြတ်၍ တရားမှတ် အိပ်လိုက်ပါ။
၄။ အကျိုးများ။
အနည်းငယ် တရားရှုမှတ်၍ အိပ်ခြင်းပင်လျှင်
- ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားတတ်ပေသည်။
- အိမ်မက်ဆိုးများ မမက်ပေ။ သောက အိမ်မက်များမမက်ပေ။
- ၄ နာရီခန့် အိပ်လိုက်ရလျှင် အားပြန်ပြည့်သွားပေသည်။
* တရားရှုမှတ်ရင်းနဲ့ ခန္ဓာကိုယ်ရော၊ စိတ်ကိုရော လျှော့ပြီးတော့ ငြိမ်းချမ်းသွားတဲ့အခါမှာ အိပ်ပျော်သွားလို့ရှိရင် လက်ကျန် တင်းကြပ်မှု ( residual tension ) က အောက်ဆုံးအထိ ရောက်သွားတယ်။
tension အကြွင်းအကျန်မရှိမှသာ အိပ်တဲ့အခါ ခန္ဓာကိုယ်ရော၊ စိတ်ပါ အားပြန်ပြည့်လာကြတယ်။
