Avengers: Infinity War ရဲ့ Box Office ကို ကျော်ဖြတ်တော့မယ့် Ne Zha 2
ရုံတင်ပြသပြီး တစ်လမပြည့်ခင်မှာပဲ တရုတ်ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ Ne Zha 2 ဟာ ကမ္ဘာ့ Box Office သမိုင်းမှာ ဝင်ငွေအများဆုံး ဇာတ်ကား ၁၀ ကားစာရင်းထဲ ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။
Ne Zha 2 ကတော့ တရုတ်နိုင်ငံတင်မက ကမ္ဘာ့အနှံ့အပြားမှာ အောင်မြင်မှု အများအပြားရရှိခဲ့ပြီး နိုင်ငံတစ်နိုင်ငံတွင် ဝင်ငွေအများဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ ရုံတင်ပြီး လေးပတ်မြောက်မှာတော့ Hollywood က ဇာတ်ကားတွေ ကို စိန်ခေါ်ခဲ့ပြီး အခုဆိုရင် Inside Out 2 ရဲ့ စံချိန်ကိုလည်း ကျော်လွန်သွားပြီဖြစ်ပါတယ်။ Ne Zha 2 ကတော့ သမိုင်းတစ်လျှောက် အကောင်းဆုံး Animation ဖြစ်လာတော့မှာပါ။
Ne Zha 2 ကို ဘတ်ဂျက်ဒေါ်လာ သန်း 80 ဖြင့် ထုတ်လုပ်ခဲ့ပြီး ယခုအခါ တစ်ကမ္ဘာလုံးအတိုင်းအတာ ဒေါ်လာ 1.8 ဘီလီယံ ကျော်သွားပါပြီ။ စုစုပေါင်း ဒေါ်လာ ၁.၇၈ ဘီလီယံခန့်ကို တရုတ်နိုင်ငံမှာရထားပြီး မြောက်အမေရိကမှ ဒေါ်လာ ၁၂ သန်းဝန်းကျင်ရထားပါတယ်။
Ne Zha 2 ကို ပြည်တွင်းမှာ အကန့်အသတ်ဖြင့်သာ ရုံတင်ပြသခဲ့ပေမယ့် ဒီဇာတ်ကားဟာ တရုတ်နှစ်သစ်ကူးကာလမှာ ပွဲဦးထွက်ခဲ့ပြီး Box Office ကို စိန်ခေါ်ခဲ့ပါတယ်။
Ne Zha 2 ကတော့ အခုဆိုရင် သူ့အရှေ့က တရုတ်မှာစံချိန်တင်ထားတဲ့ The Battle of Lake Changjin ကို ကျော်လွန်သွားရုံသာမကဘဲ Jurassic World၊ Top Gun: Maverick နဲ့ Barbie တို့လို ကမ္ဘာတစ်ဝှမ်းက အထင်ကရရုပ်ရှင်များရဲ့ ရုံဝင်ငွေကို ချိူးဖျက်လိုက်ပြီဖြစ်ပါတယ်။
တရုတ်ပလက်ဖောင်း Maoyan ကတော့ Ne Zha 2 ကို Avengers: Infinity War နဲ့ Star Wars: Episode VII - The Force Awakens တို့လို ဇာတ်ကားတွေကို ကျော်တက်ပြမယ်လို့ ခန့်မှန်းထားကြပါတယ်။
ဒီိလို ကျော်ဖြတ်ပြီးရင်တော့ Ne Zha 2 ဟာ Avatar: The Way of Water၊ Avengers: Endgame နဲ့ Avatar တို့လို ဇာတ်ကားတွေထဲက Top 5 နေရာထဲ ဝင်လာနိုင်မယ်လို့လည်း ပြောနေကြပါပြီ။
တရုတ်အတွက်တော့ ဆယ်စုနှစ်တစ်ခုတိုင်အောင် ငြိမ်ကျနေတဲ့ Box Office ကို Ne Zha 2 ဟာ Hollywood ကို မအားကိုးပဲ တစ်ကမ္ဘာလုံးအတိုင်းအတာ အောင်မြင်မှု သက်သေပြန်ထူတော့မယ့် အနေထားကိုရောက်နေပြီဖြစ်ပါတယ်။
လက်ရှိမှာရုံဆက်တိုက်တင်နေပြီး Digital Released ကတော့ ထွက်လာဖို့ ကြာဦးမှာဖြစ်ပါတယ်။
ဇာတ်လမ်းထဲမှာတော့ ဝူခုန်းရဲ့ လက်စွဲတော်တုတ်အပြင် တခြား Character အသစ်တွေကိုလည်း မိတ်ဆက်သွားခဲ့ပါသေးတယ်။
