8 w - Translate

ဆိုတော့ မနှစ်က Tokyo Auto Show မှာပဲ Honda အနေနဲ့ သူတို့ရဲ့ Iconic ဖြစ်လှတဲ့ Coupe တစ်စီး Prelude Concept ကို ပြသခဲ့တယ်ဗျ။ ပြောရရင်တော့ Honda Enthusiasts တွေအတွက် သတင်းကောင်းပဲဆိုပါတော့။
ဒီ Concept ရဲ့ Design Language က ပြောရရင် ဟိုးတုန်းက Accord Coupe နဲ့ သွားတူသလို၊ Wheelbase ကလည်း 101.4 in ရှိတာဆိုတော့ GR86 နဲ့ အတူတူပဲဗျ၊ Miata ထက် 10 in လောက်တောင် ပိုရှည်တယ်ပြောရမယ်။ ကြည့်ရသလောက်လည်း ဒီကောင့်ရဲ့အင်ဂျင်က အရှေ့မှာပဲဖြစ်ဖို့များတာဆိုတော့ ထုံးစံအတိုင်း Honda ဆီကနေ RWD ကိုမျှော်မနေတာ အကောင်းဆုံးပါပဲ။
ဒီကားမှာသုံးပေးလာမည့် အင်ဂျင် Specs အတိအကျမသိရသေးပေမယ့် Rumors တွေအရတော့ 2.0L 4-Cyl e:HEV ဖြစ်မယ်လို့သိရပါတယ်။ ဆိုလိုချင်တာက လက်ရှိ Accord တို့ CR-V တို့မှာတွေ့ရတဲ့ Powertrain ပါ။ Honda အနေနဲ့ မကြာသေးခင်ကပဲ Manual Civic ကို မိတ်ဆက်ခဲ့တယ်ဆိုပေမယ့်လို့ ဒါကလည်း Prelude မှာသုံးပေးလာဖို့ကတော့ အတော်လေးရာခိုင်နှုန်းနည်းပါတယ်။
Anyway, Honda အနေနဲ့ Prelude အသစ်ကို လာမည့် 2025 အကုန်၊ 2026 အစောပိုင်းလောက်မှာ စတင်ရောင်းချသွားတော့မယ်လို့ သိရပါတယ်။

image