8 ပတ် - ဘာသာပြန်ပါ။

လူတစ်ယောက် မရှိတော့တဲ့အခါ သူနဲ့ ပတ်သက်ဖူးတဲ့
လူတွေရဲ့ ရင်ဘတ်ထဲမှာ ကျန်ခဲ့တဲ့ အမှတ်တရကောင်းတွေဟာ အဲဒီလူရဲ့ တန်ဖိုးပါတဲ့ ။

လူတွေဟာ တစ်နေ့ သေဆုံးကြပေမဲ့ သူတို့ရဲ့ တန်ဖိုး နဲ့ ကြင်နာမှုတွေကတော့ အခြားသူတွေရဲ့ နှလုံးသားမှာ
အမြဲ ရှင်သန်နေကြလိမ့်မယ် ။

ကိုယ်သာ မရှိတော့ရင် ကိုယ့်နောက်ကွယ်မှာ ကိုယ်နဲ့ ပတ်သက်ခဲ့ဖူးသူအချို့က ကိုယ့်အကြောင်း ပြန်ပြောကြတဲ့အခါ ကိုယ့်ရဲ့ ကောင်းခြင်းတွေ မဟုတ်ရင်တောင် ဆိုးတာတွေတော့ ပြန်မပြောကြရအောင် နေထိုင်နိုင်ဖို့ပဲ ကြိုးစားရမယ် ။

သူတို့ကို ဘယ်လို ဒုက္ခရောက်စေခဲ့တာ ၊ ကိုယ့်ကြောင့် ဘယ်လို နာကျင်ခဲ့တာဆိုတဲ့ စကားမျိုး ဘယ်သူ့ပါးစပ်မှာမှ မကျန်ခဲ့စေဖို့ ဂရုစိုက်ပြီး နေထိုင်ရတယ် ၊၊

ကိုယ် မရှိတော့ပေမဲ့ ကိုယ့်တန်ဖိုး နဲ့ ကြင်နာမှုတွေကိုတော့ အခြားသူရင်ထဲ အပြည့်ထည့်ပေးခဲ့ပါ ။

ဒါဆို ရှင်သန်ရခြင်းရဲ့ကာလတိုဟာ လူကောင်းတစ်ယောက် ဖြစ်ခဲ့တာပဲ ။

#tharhtwe
#ကိုယ်တိုင်လွတ်မြောက်ခြင်း ( Emotional Liberation )

image