Neymar goal
ဆန်းတို့စ်မှာ ပြန်ကစားပြီး ပထမဆုံးဂိုးကို နေမာရခဲ့ပါပြီ။ ရမယ့်ရတော့လည်း ထောင့်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းခဲ့တာပါ။ အင်တာနေစီယွန်နယ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ဆန်းတို့စ်က ၃-၀နဲ့ နိုင်ခဲ့ပြီး ဂိုးအားလုံးမှာ နေမာက ပါဝင်ပတ်သက်နိုင်ခဲ့ပါတယ်။
ပထမပိုင်းမှာ သူကိုယ်တိုင် တဂိုးသွင်းပြီး ကျန်တဲ့နှစ်ဂိုးအတွက် ဖန်တီးပေးခဲ့တာပါ။ ဘရာဇီးလ်ကို ပြန်ရောက်ပြီးနောက် သူ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တဲ့ပွဲပါပဲ။ ပွဲကစားချိန်တွေ ပိုများလာလေ နေမာက ပိုကောင်းလာလေလို့ ပြောရမယ်။ အရင်လိုမျိုုး မဟုတ်သေးပေမယ့် အဲဒီလိုဖြစ်လာဖို့အတွက် အခြေအနေကောင်းနေပါပြီ။
ပြိုင်ဘက်ပရိသတ်တွေ ဝိုင်းလှောင်ပြောင်တာကိုလည်း ခံခဲ့ရပါသေးတယ်။ ဒါပေမယ့် သူကတော့ နားရွက်ဘေးမှာ လက်ဝါးကာပြီး ပြန်အောင်ပွဲခံပြသွားပါတယ်။ ထောင့်ကန်ဘောကို ကန်တင်ခဲ့ရာမှာ ဘောလုံးက ဂိုးပေါက်ထဲကို တိုက်ရိုက်သွားခဲ့ပြီး တိုင်ထိကာ ဝင်သွားခဲ့တာပါ။ ဂိုးရချင်ရင်လည်း အဲလိုပဲ။ ကြံဖန်ပြီးတော့ကို ရတာ။
