8 w - Translate

Galaxy S24 Ultra ထည့်ထားတဲ့ ဘောင်းဘီရဲ့ အနေအထား

ဘောင်းဘီအိတ်ထဲ ဖုန်းထည့်တတ်သူတွေ ကြုံတဲ့ ပြဿနာတွေထဲက တစ်ခုပေါ့။

ဂျင်းဘောင်းဘီအိတ် ထောင့်နေရာတွေ ပြဲနေတာကို ကြည့်လိုက်ပါ။ အတော်များများက ဒါမျိုးပြဿနာ ဖြစ်လေ့မရှိပါဘူး။ Galaxy S24 Ultra ဝယ်မထားရင်ပေါ့လေ။

ဒီပုံကလည်း Galaxy S24 Ultra ဝယ်ပြီး ဖုန်းကို ဘောင်းဘီထဲ ထည့်တတ်တဲ့သူတွေပဲ ကြုံကြတာ။ Galaxy S24 Ultra ရဲ့ ဒီဇိုင်းကိုက သစ်သားမီးခြစ်ဗူးတစ်ဗူးလိုမျိုး ထောင့်စွန်းတွေ ချွန်းထွက်နေသလို ဖုန်းဆိုဒ်ကြီးပြီး ဝိတ်ပါတာဖြစ်လို့ ဘောင်းဘီအိတ်ကို ဖြဲနေသလို ဖြစ်နေပါတယ်။

Galaxy S25 Ultra မှာတော့ အနားတွေ လုံးပေးလိုက်တာ ဖြစ်လို့ ကိုင်လို့ပိုကောင်းလာသလို ဘောင်းဘီအိတ်တွေလည်း ပြဲတော့မှာ မဟုတ်ပါဘူး။

image