8 w - Translate

iPhone 16E နဲ့ဈေးတူပေမဲ့ ဘတ်ထရီမတူတဲ့ဖုန်း

ဒေါ်လာ 600 ချင်းအတူတူ ဒီဖုန်းက ၆ လအားခံပါမယ်။ ဖုန်းနာမည်က Oukitel WP100 Titan လို့ခေါ်တယ်။ Oukitel ဆိုတဲ့ ကုမ္ပဏီကနေ ထုတ်ထားတာပါ။ Oukitel ကိုတော့ ဘတ်ထရီပိုင်း ဦးစားပေးထုတ်တဲ့ ကုမ္ပဏီရယ်လို့ လူသိများပါတယ်။

ဒီတစ်ခေါက်ထုတ်လာတဲ့ WP100 Titan ဆိုတဲ့ မော်ဒယ်ကတော့ တော်တော်စားပါတယ်။ 33000mAh Battery ပါတယ်။ Projector feature လည်း ပါတယ်။ ဓါတ်မီးပုံစံ ဖုန်းမီးကြီးလည်း ပါသေးတယ်။ ဘတ်ထရီက ရှယ်ဆို‌တော့ တော်တော်လေးလည်း လေးပါတယ်။ အလေးချိန် 876g နဲ့ အထူက 1.3” ရှိပါမယ်။

ဆိုတော့ ဘတ်ထရီက သူတို့ပြောထားပုံအရဆို ၆ လလောက် အေးဆေးသုံးရုံပဲ။ နောက်ပြီး Projector feature ဆိုတာကလည်း built-in ထည့်ပေးထားသေးတယ်။ ကုမ္ပဏီဘက်က အဆိုအရ ရုပ်ရှင်ခြောက်ကားလောက်ထိ ကြည့်နိုင်တယ်လို့ ဆိုတယ်။ တစ်ခုရှိတာက တော်တော်လေးမှောင်တဲ့နေရာမှာမှ ကြည့်လို့အဆင်ပြေမှာပါ။

ပြီးတော့ ဖုန်းနောက်ကျောဘက်မှာ 1,200-lumen LED camp light ဆိုပြီးပါလာသေးတယ်။ သူက ဓါတ်မီးပုံစံနဲ့ သုံးနိုင်ပြီးတော့ နာရီ 150 အထိ ဆက်တိုက်ထွန်းထားနိုင်တယ်လို့ ဆိုတယ်။ IP68 Raing ပါလို့ ရေစိမ်ခံတယ် အကြမ်းခံပါသေးတယ်။

ဖုန်းဆိုတော့လည်း ဖုန်းရဲ့ Spec: တွေလည်း လက်ခံချင်စရာကောင်းပါသေးတယ်။ 200MP Main Camera, 20MP infrared night vision camera, 2MP Macro Lens တွေပါမယ်။ Selfie ကတော့ 32MP ရှိပါမယ်။ MideaTek Dimensity 7300 Chips သုံးထားတယ်။ 6.8” FHD+ Display ကိုမှ 120Hz Refresh Rate သုံးနိုင်မယ်။ 33000mAh Battery ဆိုပေမဲ့ Fast Charge ကတေ့ 66W ပဲရှိပါတယ်။ (တမုန်းသုံး တမုန်းသွင်း)

မူရင်းဈေးက ဒေါ်လာ 899 ဆိုပေမဲ့ Pre-order မှာမယ်ဆိုရင် ဒေါ်လာ 599 ပဲ ကျသင့်ပါမယ်။ လာမယ့်ဧပြီလမှာ စတင်ရောင်းချသွားမယ်လို့ ဆိုထားပါတယ်။

image