အချိန်ကုန်မှန်းမသိ ကုန်သွားနိုင်တဲ့ Idle ဂိမ်း ၅ ခု
Idle ဂိမ်းတွေဆိုတာ အချိန်ကုန်မှန်းမသိကုန်သွားစေနိုင်တဲ့အပြင် Player တွေကို အာရုံစိုက်စရာ အများကြီး မလိုစေတဲ့ Mini ဂိမ်းမကျ တစ်ကယ့်အချိန်ပေးကစားရတဲ့ ဂိမ်းကြီးတွေလိုမဟုတ်တဲ့ဂိမ်းတွေပါ။ နောက်တစ်ခုက App ကိုဒေါင်းလုပ်ဆွဲပြီး ကစားစရာမလိုပဲ Web Browser ထဲကနေတဆင့် ကစားလို့ရနိုင်ပါသေးတယ်။
၁. Cookie Clicker
Cookie Clicker ဟာ Idle Game တွေထဲမှာ ထင်ရှားဆုံးဂိမ်းတစ်ခုပါ။ Cookie ကိုကလစ်နှိပ်ပြီး နောက်ပိုင်းမှာတော့ Upgrade တွေလုပ်ရင်း တဖြည်းဖြည်းနဲ့ Background Story က Dark မှန်းမသိ Dark လာတဲ့ အမျိုးအစားဖြစ်ပါတယ်။ ကစားကြည့်ရင်းနဲ့မှ Gameplay ပိုင်းကိုပိုနားလည်လာမှာမို့ ကိုယ်တိုင်ကစားကြည့်ကဖို့ အကြံပေးချင်ပါတယ်။ Browser ကနေတိုက်ရိုက်ကစားနိုင်ပါတယ်။
၂. Adventure Capitalist
စီးပွားရေးသမားကြီးတစ်ယောက်ဖြစ်ချင်သူတွေအတွက် Adventure Capitalist က စိတ်ဝင်စားဖို့ကောင်းပါတယ်။ သင့်ရဲ့ စီးပွားရေးလုပ်ငန်းကို စတင်တည်ထောင်ပြီး အရွယ်အစားအမျိုးမျိုးနဲ့ လုပ်ငန်းတွေကို တဖြည်းဖြည်းချင်း ချဲ့ထွင်သွားရမှာပါ။ လက်ဖက်ရည်ဆိုင်လေးကနေ စတင်ပြီး နောက်ပိုင်းမှာ ကမ္ဘာကျော်ကုမ္ပဏီကြီးတွေထိ Game ထဲမှာ ပိုင်ဆိုင်အောင် တွက်ချက်ပြီး ကစားရမယ့် Strategic Game အမျိုးအစားဖြစ်ပါတယ်။
၃. Melvor Idle
RuneScape ဂိမ်းကနေ ပုံစံတူဖြစ်တဲ့ Melvor Idle က RPG ပုံစံ Idle Game တစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့ Character ကို တစ်ဖြည်းဖြည်းနဲ့ Level တက်လာအောင် သတ္တုတူးဖော်ခြင်း၊ သစ်ခုတ်ခြင်း၊ ငါးဖမ်းခြင်းစတဲ့ Skill တွေကို အလုပ်လုပ်ရင်း Grind ရတာဖြစ်ပါတယ်။ ဒီဂိမ်းရဲ့ နောက်ခံသီချင်းလေးတွေနဲ့ ရိုးရှင်းတဲ့ဂရပ်ဖစ်တွေက ကစားသူတွေကြိုက်ပေမယ့် အစပိုင်းမှာတော့ အနည်းငယ် Gameplay ရှုပ်နေတတ်ပါတယ်။
၄. Egg Inc.
ကြက်ဥထုတ်လုပ်ရေးလုပ်ငန်းကို စီမံခန့်ခွဲရတဲ့ Egg Inc. မှာ ကြက်ဥအမျိုးအစားပေါင်း များစွာကို ထုတ်လုပ်ရမှာဖြစ်ပါတယ်။ သုတေသနလုပ်ပြီး ပိုကောင်းတဲ့ ကြက်ဥအမျိုးအစားတွေကို ထုတ်လုပ်နိုင်ဖို့ ကြိုးစာရမှာဖြစ်သလို၊ ကြက်မွေးမြူရေးခြံကိုလည်း ကြီးသထက်ကြီးလာအောင် တိုးချဲ့ဖို့ကြိုးစားရမှာပါ။
၅. Universal Paperclips
ဒီကောင်ကတော့ PaperClips တွေထုတ်ဖို့အတွက် ကြိုးစားရတဲ့ Clicking Game အမျိုးအစားဖြစ်ပြီး နောက်ပိုင်းမှာတော့ PaperClips ထက်ပိုတဲ့ ဇာတ်လမ်းတွေပါဝင်လာမှာပါ။ ဘာ Graphics မှမပါပေမယ့် ကစားရင်း၊ ကစားရင်း စိတ်ဝင်စားဖို့ကောင်းတာမို့ အိမ်မှာပဲကစားကစား၊ လမ်းမှာပဲ ပျင်းလို့ခဏလောက်ထုတ်ကစားကစား အဆင်ပြေတဲ့ Text Based Idle Game ပါ။
ပြောပြခဲ့တဲ့ Idle Game တွေဟာ အားလုံး အခမဲ့ကစားနိုင်ပြီး၊ တစ်ချို့က Full Version ကို ပိုက်ဆံပေးရတာမျိုး၊ App ရှိတဲ့ဂိမ်း၊ မရှိတဲ့ဂိမ်း အမျိုးမျိုးရှိတာမို့ ကိုယ်တိုင် ကစားကြည့်ပြီးမှာ ဝယ်သင့်မဝယ်သင့်ကတော့ ဆုံးဖြတ်သင့်ပါတယ်။ တစ်ကယ့်ဂိမ်းကြီးတွေလို အချိန်သပ်သပ်ပေးပြီး အအိပ်အစားပျက်မကစားချင်သူတွေအတွက် အဆင်ပြေစေမယ့် Game တွေပဲဖြစ်ပါတယ်။
