9 w - Translate

ဂျပန်ထုတ် ဒီဇယ်လျှပ်စစ်ရထားဖြင့် ရန်ကုန်-နေပြည်တော် ခရီးစဉ်ကို ပြေးဆွဲပေးမည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
ဂျပန်နိုင်ငံကနေ ဝယ်ယူရောက်ရှိလာတဲ့ ဒီဇယ်လျှပ်စစ်သုံး DEMU ရထားတွဲဆိုင်းအသစ်တွေနဲ့ နေပြည်တော်-ရန်ကုန်-နေပြည်တော် ခရီးစဉ်ကို ပြေးဆွဲပေးမယ်လို့ မြန်မာ့မီးရထားက ထုတ်ပြန်လာပါတယ်။
DEMU ရထားတွဲဆိုင်းတွေနဲ့ စမ်းသပ်ပြေးဆွဲခြင်းကို ဖေဖော်ဝါရီလ ၂၁ ရက်မှာ ဆောင်ရွက်ခဲ့ပြီး နေပြည်တော်ကနေ ရန်ကုန်အထိ ဘူတာစဉ်ရပ်တန့်ချိန်တွေအပါအဝင် ခရီးသွားချိန် ၅ နာရီ မိနစ် ၅၀ ကြာမြင့်တယ်လို့ ဆိုပါတယ်။
အဆင့်မြှင့်တင်ပြီးဖြစ်တဲ့ ရန်ကုန်-နေပြည်တော်ရထားလမ်းပိုင်းမှာ DEMU ရထား ပြေးဆွဲခြင်းကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စတင်သွားမယ်လို့ သိရပါတယ်။
DEMU ရထားမှာ ပထမတန်းလေးတွဲ၊ အထက်တန်းနှစ်တွဲ၊ စုစုပေါင်းတွဲဆိုင်း ခြောက်တွဲနဲ့ ခရီးသည် ၃၁၂ ဦး လိုက်ပါစီးနင်းနိုင်မှာပါ။
ရထားအချိန်စာရင်းနဲ့ လက်မှတ်ခနှုန်းထားတွေကို မြန်မာ့မီးရထားကနေ ထပ်မံထုတ်ပြန်သွားမယ်လို့ ကြေညာထားပါတယ်။
ခရီးသည်တွေအနေနဲ့ မူလပြေးဆွဲနေတဲ့ လေအိတ်ရထားနဲ့ DEMU ရထားတွေကို နေပြည်တော်ဘူတာမှာ ပြောင်းလဲလိုက်ပါ စီးနင်းနိုင်ကြောင်း အသိပေးထားပါတယ်။
ရန်ကုန်-မန္တလေးခရီးစဉ်တစ်လျှောက် ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော်နဲ့ သာစည်ဘူတာတွေမှာ ရပ်တန့်ပေးသွားမယ်လို့လည်း သိရပါတယ်။

image