9 ပတ် - ဘာသာပြန်ပါ။

လောကမှာ အားလုံးနဲ့
အဆင်ပြေတယ်ဆိုတဲ့သူဟာ
ကြောက်စရာအကောင်းဆုံးသူပဲ....
ဟုတ်မှန်တဲ့အကြောင်းအရာတစ်ခုအပေါ်
မိမိရဲ့သဘောထားကို ထုတ်မပြရဲဘဲ
ကိုယ့်အကျိုးရနေသေးသမျှ
အခြေအနေတစ်ခုကိုစောင့်ပြီး
အလိုက်အထိုက်နေတဲ့ ပုဂ္ဂိုလ်ဟာ
လူကောင်းထဲမှာမပါဘူး....
ဘယ်လောက်ခင်ခင်
ဘယ်လောက်ပဲ အပြန်အလှန်ကျေးဇူး ရှိရှိ
ဒီအတိုင်းအတာမှာ အဆင်ပြေတယ်
ဒီအတိုင်းအတာမှာတော့ အဆင်မပြေဘူး
ဆိုတဲ့ ပွင့်လင်းတဲ့ ဆက်ဆံရေးမျိုးက
အန္တရာယ်အကင်းဆုံးပဲ....
မိတ်ဆွေသူငယ်ချင်းကောင်းဆိုတာ
သူမှားရင်ကိုယ်ထောက်ပြ
ကိုယ်မှားရင် သူဝေဖန်
ဒါမျိုးပဲဖြစ်သင့်တယ်....
ရေလိုက်ငါးလိုက် အမုန်းမခံ
ကြားနေမူဝါဒဆိုတဲ့ခေါင်းစဥ်က
ဆက်ဆံရေးနယ်ပယ်မှာတော့
အရမ်းကိုကြောက်စရာအကောင်းတယ်...
သေချာလေ့လာကြည့်ရင်
လူဖြောင့် လူမှန်တွေဟာ
လူတိုင်းနဲ့ တည့်မနေတတ်ဘူး
တည့်ဖို့ကိုလည်း တမင်ကြိုးစားမနေကြဘူး...
#credit
Lovely For

image