9 ပတ် - ဘာသာပြန်ပါ။

အက်စတွန်ဗီလာအသင်းနည်းပြအူနိုင်းအယ်မရီက သူ့အနေနဲ့မားကပ်စ်ရက်ရှ်ဖို့ဒ်ကိုပုံစံကောင်းပြန်ရလာပြီးယုံကြည်မှုပြန်ရှိလာစေဖို့အတွက်အကူအညီဖြစ်စေရန်အပြင်းအထန်လုပ်ဆောင်နေတယ်လို့ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

အဆိုပါအဂ်လန်လက်ရွေးစင်တိုက်စစ်ကစားမသားအနေနဲ့မန်ချက်စတာယူနိုက်တက်အသင်းကနေ ပြီးခဲ့တဲ့ဇန်နဝါရီကာလမှာတော့ပြောင်းရွှေ့လာခဲ့တာလည်းဖြစ်ါပတယ်။

ရက်ရှ်ဖို့ဒ်အနေနဲ့ဗီလာအသင်းဆီပြောင်းရွှေ့လာရာမှာဟာ အယ်မရီဟာ ကလပ်အသင်းအနေနဲ့အသင်းတိုက်စစ်ပိုင်းအဆင့်မြှင့်တင်ဖို့ခေါ်ယူအားဖြည့်ရန်ဖိအားပေးခဲ့တဲ့သူလည်းဖြစ်ပါတယ်။

အစောပိုင်းကာလတွေမှာတော့ရက်ရှ်ဖို့ဒ်အနေနဲ့ ဂိုးဖန်တီးမှု သို့မဟုတ် သွင်းဂိုးတွေမရှိထားခဲ့ပေမဲ့ အရာအားလုံးဟာ ပြီးခဲ့တဲ့စနေနေ့မှာတော့ချဲလ်ဆီးအသင်းနဲ့ပွဲစဉ်မှာပြောင်းလဲသွားခဲ့ပါတယ်။သူ့အနေနဲ့ဒုတိယပိုင်းကာလမျာလူစားလဲခံခဲ့ရပြီး သူ့အနေနဲ့ အန်ဇိုမာရက်စကာရဲ့အသင်းကိုအနိုင်ရယူဖို့အတွက်မားကိုအဆန်စီယိုအတါက်ဂိုးဖန်တီးမှု ၂ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့အယ်မရီကစကိုင်းစပေါ့သတင်းနဲ့အင်တာဗျူးမှာ အသင်းအနေနဲ့ထိပ်ဆုံး ၄ သင်းထဲပြန်ရောက်လာအောင်ကူညီပေးနိုင်ခဲ့ပုံနဲ့ပတ်သက်ပြီးပြောဆိုလာခဲ့ပါတယ်။

ငါတို့သူ့ကိုအားပေးခဲ့ကြပြီး သူ့ကိုကူညီပေးခဲ့ကြပါတယ်။သူ့အနေနဲ့ဒီနေရာမှာပိုပြီးသက်တောင့်သက်သာရှိအောင်ကြိုးစားခဲ့ပါတယ်။

ငါတို့ရဲ့ရည်မှန်းချက်ကတော့ သူ့ကိုယုံကြည်မှုရှိစေဖို့ဖြစ်တာကြောင့်သူ့အနေနဲ့လည်းငါတို့ရဲ့ကစားပုံအတိုင်းကောင်းကောင်းပြောင်းလဲကစားနိုင်ခဲ့ပြီး အသင်းရဲ့နည်းစနစ်အတိုင်းအံဝင်အောင်သူ့စကေးကိုအသုံးချနိုင်ခဲ့ပါတယ်။သူ့အတွက်ငါတို့စံနှုန်းသတ်မှာထားခဲ့ပြီးသူ့အနေနဲ့ပိုကောင်းအောင်ဆက်လက်ကစားနိုင်သွားမယ်လို့မျှော်လင့်ရပါတယ်။

ရက်ရှ်ဖို့ဒ်မှာ တကယ်လို့ပုံစံကောင်းဆက်ထိန်းထားနိုင်ပြီးယုံကြည်မှုရှိနေမယ်ဆိုရင်တော့ ဗီလာအသင်းရဲ့အဓိကကစားသမားပုံရိပ်ရှိနေတယ်လို့အယ်မရီကထပ်မံပြောဆိုခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ရာသီကုန်ပြီးနောက်မှာတော့ရက်ရှ်ဖို့ဒ်ကိုအပြီးသတ်ဝယ်ယူခွင့်ရှိနေပြီး ပြောင်းရွှေ့ကြေးအနေနဲ့ ပေါင်သန်း ၄၀ ဝန်းကျင်ရှိနေတာဖြစ်ပါတယ်။
 
#ဘောလုံးသတင်းစုံ

image