အနောက်ဘက်ကမ်း ဒုက္ခသည်စခန်းသုံးခုက ပါလက်စတိုင်းတွေကို အစ္စရေးစစ်တပ် နှင်ထုတ်ပြီး တင့်ကားတပ်ချထား
တဲလ်အဗစ်၊ ဖေဖော်ဝါရီ ၂၄
သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းရှိ ဒုက္ခသည်စခန်းသုံးခုမှာ နေထိုင်သူတွေကို အစ္စရေးစစ်တပ်က နှင်ထုတ်ခဲ့ကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြောကြားပါတယ်။
ဂျီနင်၊ တူလ်ခမ်နဲ့ နာရှန်စ် ဒုက္ခသည်စခန်းတွေဟာ လက်ရှိ နေထိုင်သူတွေမရှိတော့ဘဲ အစ္စရေးစစ်တပ်က လာမယ့်နှစ်မှာ ထိန်းချုပ်သိမ်းပိုက်မယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကက်စ်က ပြောပါတယ်။လက်ရှိမှာတော့ ပြန်လည်ဝင်ရောက်နေထိုင်မှုနဲ့ အကြမ်းဖက်မှုတွေ တိုက်ဖျက်ဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။
ဒါအပြင် အစ္စရေးစစ်တပ်ဟာ ၂၀၀၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျီနင်မြို့အနီးတဝိုက်မှာ တင့်ကားတပ်ခွဲတခု ချထားလိုက်တယ်လို့ ပြောပါတယ်။ တင့်ကားတွေ ဖြန့်ကြက်ချထားမှုကို ပါလက်စတိုင်းက ရှုတ်ချထားပြီး ဒီဆုံးဖြတ်ချက်ဟာ တည်ငြိမ်မှုကို အဟန့်အတားဖြစ်စေတယ်လို့ ပြောပါတယ်။
ဇန်နဝါရီ ၂၁ ရက်မှာ စတင်ခဲ့တဲ့ အစ္စရေးရဲ့ အနာက်ဘက်မ်း စစ်ဆင်ရေးဟာ မကြာသေးမီက ပိုမိုပြင်းထန်လာပါတယ်။ ဇန်နဝါရီ ၂၁ ရက်က စတင်ခဲ့တဲ့ စစ်ဆင်ရေးတွေအတွင်း အဲဒီဒေသမှာ ကလေးခုနှစ်ဦးအပါအဝင် ပါလက်စတိုင်း ၅၁ ယောက် သေဆုံးခဲ့ပါတယ်။
မကြာသေးမီကာလအတွင်း စစ်ဆင်ရေးများကြောင့် လူလေးသိန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပြီး အများစုကတော့ အတင်းအကြပ်ရွှေ့ပြောင်းခံခဲ့ရကြောင်း ကုလသမဂ္ဂက ယခုလအစောပိုင်းမှာ သတိပေးထားပါတယ်။ ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည်အေဂျင်စီကိုရဲ့ လုပ်ငန်းတွေကိုလည်း ရပ်ဆိုင်းထားဖို့ အစ္စရေးက ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဂါဇာဒေသမှာ အပစ်ရပ်ပထမအဆင့်အနေနဲ့ ဓါးစာခံနဲ့ အကျဉ်းသားလဲလှယ်ရေး အစီအစဉ်တွေ လု်ပဆောင်ခဲ့ပေမယ့် အစ္စရေးဟာ ပါလက်စတိုင်းအကျဉ်းသား ၆၀၀ ကျော်ပြန်လွှတ်ပေးရေးကို အကန့်အသတ်မရှိ ရွေ့ဆိုင်းလိုက်တယ်လို့ ဆိုပါတယ်။
ဟားမတ်စ်တို့က နောက်ထပ်ဓါးစာခံတွေ ပြန်လွှတ်ပေးမယ့် အာမခံချက်ရချိန်ထိလို့ ပြောပါတယ်။ ဟားမတ်စ်တို့ဟာ အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ အစ္စရေးကစွပ်စွဲသလို အစ္စရေးကလည်း စာချုပ်ပါအတိုင်း အကောင်အထည်မဖော်တာတွေရှိတယ်လို့ ဟားမတ်စ်တို့ကလည်း အခိုင်အမာဆိုထားပါတယ်။
Ref:BBC
Photo:RTE
#သတင်းဟင်းလေးအိုးကြီး
