မောင်က ခိုင့်ကို ချစ်ခဲ့လား ?
ပထမဆုံးအနေနဲ့ မောင်ဟာ ခိုင့်ကို ချစ်နေပေမဲ့
ခိုင် ဟာ ရည်းစားရှုပ်တာတွေ တခြားယောကျ်ားလေးတွေနဲ့ နေတာထိုင်တာတွေကို သဘောမကျဖြစ်ပြီး မောင်ဟာ ခိုင့်အပေါ်ထားတဲ့ အချစ်တွေ စလျော့ခဲ့ပါတယ် ။
နောက်တစ်ချက်က မောင် နဲ့ ခိုင် ရဲ့ သူငယ်ချင်း ငြိမ်းမောင်က ခိုင့်ကို ချစ်နေတာကို မောင်သိသွားလို့ပါ ။ ခိုင်ပြောသလို လူလိမ္မာကြီးမောင်က ကိုယ့်အသည်းနှလုံးကို ပြန်ညာပြီး ဒီသုံးပွင့်ဆိုင် ဇာတ်လမ်းမှာ လှပတဲ့ ဇာတ်ညွှန်းတစ်ခုကို ရေးဆွဲခဲ့ပါတယ် ။
အဲ့တာကတော့ ခိုင့်ကို ငြိမ်းမောင်နဲ့ ယူစေပြီး
မောင်ကတော့ ခိုင်နဲ့ဆင်တဲ့ သူနဲ့လည်း ပညာအရည်အချင်းတူတဲ့ လှိုင့်ကို ရွေးခဲ့တာပါပဲ ။
သူ့စိတ်ထဲ ဒါဟာ အလှအပဆုံး ဇာတ်သိမ်းလို့
ထင်မှတ်ခဲ့တာကို ။ ဒါပေမဲ့ ခံစားချက်တွေကိုတော့ လိမ်လို့မရပါဘူး ။ သို့ပေမဲ့ ပညာတတ်ကြီး မောင်ဟာ ရှမ်းပြည်က သူ့အိမ်ခြံထဲက စွယ်တော်ပင်တွေတောင် ခုတ်ရှင်းခဲ့တဲ့အထိ ရက်စက်သွေးအေးခဲ့ပါတယ် ။
အမှန်တော့ မောင်ဟာ ခိုင့်ကို သူငယ်ချင်းတစ်ယောက်လိုပဲ ချစ်ခဲ့တာပါ ။ ဘာကြောင့် ချစ်သူအဖြစ် မရွေးချယ်ခဲ့ရသလဲဆိုတာတော့ မောင့်မှာ ရှင်းပြစရာ အကြောင်းပြချက်များစွာရှိခဲ့ပါတယ် ။
#တက္ကသိုလ်ဘုန်းနိုင်
