9 w - Translate

သဘောအကျဆုံး Hypercar - Aston Martin Valkyrie

ဒီနှစ်ထဲ ​Hypercar အသစ်တွေ အတော်လေးများပါတယ်။ McLaren W1, Ferrari F80, Nevera R, မကြာသေးခင်ကမှ မိတ်ဆက်ထားတဲ့ Aston Martin Valhalla နဲ့ Bugatti Tourbillon တို့လိုကောင်တွေပါ မိတ်ဆက်ခဲ့တာမို့ ရွေးချယ်စရာတော့ အတော်လေးများသား။ အော် မေ့တော့မလို့ Nilu27 လည်း ရှိသေးသဗျ။ သို့ပေမယ့် ဒီကောင်က street-legal ဖြစ်မဖြစ် မသေချာသေးတဲ့အတွက် ခဏဖယ်ထားလိုက်မယ်။ ကျွန်တော့်အနေနဲ့ 2024 ရဲ့ အကြိုက်ဆုံး Hypercar တစ်စီးကို ပြောပါဆိုရင်တော့ Aston Martin Valkyire ကိုသာ လက်ညှိုးထိုးရပါလိမ့်မယ်။ AMG ONE လို F1 inspired Hypercar တစ်စီး၊ သိပ်ကိုမှ aggressive ဖြစ်တဲ့ look၊ 1,160 hp ထွက် 6.5L NA V12၊ Lightweight Construction ကြောင့် 1,030 kg သာ အလေးချိန်ရှိတာမို့ power-to-weight ratio က 1:1၊ aerodynamic ဘယ်လောက်ကောင်းသလဲတော့ မမေးနဲ့၊ Venturi tunnels တွေရဲ့ကျေးဇူးကြောင့် 150 mph နဲ့တင် 1,100 kg ရနေပြီ၊ ပြီးရင် single clutch ကိုမှ seven-speed sequential transmission နဲ့လာတာမို့ F1 ကားတစ်စီးရဲ့ driving experience အပြည့်ရမယ့် Road-Legal ကားတစ်စီး၊ ဒီအချက်တွေကြောင့်ပဲ ကျွန်တော်ကတော့ Valkyrie ကို သဘောအကျဆုံး Hypercar တစ်စီးအဖြစ် သတ်မှတ်လိုက်ပါတယ်။ S

image