ဒီတစ်ခါ စိတ်ဓာတ်ခွန်အားတွေရစေမယ့်
အိန္ဒိယဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်
တရားမျှတမှုကိုရှာဖွေတဲ့အကြောင်းရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီး ဒိုင်ယာလော့ခ်တွေကလည်းအရမ်းကောင်းတဲ့အတွက်ကြည့်သင့်ပါတယ်
ဆူရာပရာကက်ရ်ှဆိုတဲ့ဆော့ဝဲလိအင်ဂျင်နီယာလေးတစ်ယောက်ဟာ သူ မကျူးလွန်ခဲ့တဲ့လူသတ်မှုမှာ
ရဲကသူ့ကို တရားခံဆိုပြီးတော့ အတင်းအဓမ္မချောက်ချတာကိုခံခဲ့ရပါတယ်
အဲ့ဒီရဲအရာရှိက လူယုတ်မာပါဒါကြောင့် တရားရုံးကစီရင်ချက်မချခင် ငါးနှစ်လုံးလုံးအကျဉ်းထောင်ထဲမှာနေခဲ့ရပါတယ်
သူ့ရဲ့မိဘတွေက သူ့သားက ဒီလိုလူသတ်မှုမကျူးလွန်တာကိုသိခဲ့ပါတယ်သူ့သားဘက်ကခံပြင်းစိတ်နဲ့အဆာငတ်ခံဆန္ဒပြကြပါတယ်
နောက်ဆုံးကိုယ့်ကိုကိုယ်ဓာတ်ဆီလောင်းမီးရိူ့ပြီးသတ်သေသွားကြပါတယ်
သူ့ရဲ့ချစ်သူကိုလည်း ထောင်ထဲကနေသူဘယ်အချိန်ပြန်လွတ်လာမလဲမသိတဲ့အတွက်အိမ်ကအခြားလူနဲ့ပေးစားလိုက်ပါတယ်
ဆူရာဟာ ချောက်ချခံရပြီး စီရင်ချက်မချခင်
ထောင်ထဲမှာနေရတာကိုငါးနှစ် မိဘတွေကိုလည်းဆုံးရူံးခဲ့ရ ချစ်သူကိုလည်းဆုံးရူံးခဲ့ရနဲ့ သူ့ဘဝဟာ
တော်တော်လေးပျက်စီးခဲ့ရပါတယ်
တစ်နေ့ ရှေ့နေ့မလေးတစ်ယောက် သူ့ဆီကိုရောက်လာခဲ့ပါတယ်သေချာပေါက်သူ့ဘက်ကနေပြီး တရားမျှတမှုကိုပြန်တိုက်ပေးဖို့ပါ
#storymode
