အမေရိကန် ထိပ်တန်းစစ်ဗိုလ်ချုပ် ကျူစီဘရောင်းနဲ့ ထိပ်တန်းအရာရှိတွေ ရာထူးထုတ်ပယ်ခံရ

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ကျူစီဘရောင်းကို ရာထူးကနေ ထုတ်ပယ်လိုက်တယ်လို့ ပြောပါတယ်။ ဒါဟာ ပင်တဂွန်စစ်ဌာနချုပ်အတွက်တော့ ကြီးမားတဲ့ အပြောင်းအလဲတခုလည်း ဖြစ်ပါတယ်။

နိုင်ငံအတွက် နှစ်ပေါင်း ၄၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် ကျူစီဘရောင်းကို ကျေးဇူးတင်တယ်လို့ ထရန့်က ပြောပါတယ်။ အခြားထိပ်တန်းအရာရှိ ငါးယောက်ကိုလည်း အစားထိုးခန့်အပ်ထားတယ်လို့လည်း ဆိုပါတယ်။

ဗိုလ်ချုပ်ဘရောင်းဟာ ဒီရာထူးကို ထမ်းဆောင်တဲ့ ဒုတိယမြောက် လူမည်းအရာရှိဖြစ်ပြီး အမျိုးသားလုံခြုံရေးအတွက် သမ္မတနဲ့ ကာကွယ်ရေးဝန်ကြီးတို့ကို အကြံပေးရသူဖြစ်ပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီးဟတ်ဆက်ကလည်း ဗိုလ်ချုပ်ဘရောင်းဟာ ထုတ်ပယ်ခံရနိုင်တယ်လို့ ပြောဆိုထားဖူးပါတယ်။

သောကြာနေ့နှောင်းပိုင်းမှာတော့ ပီးဟတ်ဆက်ဟာ နောက်ထပ်ထိပ်တန်းအရာရှိနှစ်ယောက်ဖြစ်တဲ့ ရေတပ်စစ်ဆင်ရေးမှူး လီဆာဖရန်တီနဲ့ လေတပ်ဒုတိယအကြီးအကဲ ဂျင်စလိုက်တို့ကို ရာထူးကနေ ထုတ်ပယ်ကြောင်း ကြေညာခဲ့ပါတယ်။

သမ္မတထရန့်လက်ထက်မှာ အမေရိကန်စစ်တပ်ကို ဟန့်တားခြင်း၊ တိုက်ခိုက်ခြင်းနဲ့ စစ်ပွဲတွေအနိုင်ရရှိရေးအတွက် အဓိကမစ်ရှင်တွေအတွက် ခေါင်းဆောင်မှုအသစ်ကို ရွေးချယ်နေခန့်ထားနေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ထုတ်ပယ်ခံရတဲ့ ထိပ်တန်းစစ်ဘက်အရာရှိတွေဟာ သမ္မတဂျိုးဘိုင်ဒင်လက်ထက်က ခန့်အပ်ခံခဲ့ရသူတွေဖြစ်ပါတယ်။ ဒေါ်နယ်ထရန့်ကတော့ လစ်လပ်သွားတဲ့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ အကြီးအကဲနေရာကို လေတပ်ဒုတိယဗိုလ်ချုပ်ကြီး ဒန်ကိန်းကို ခန့်အပ်ဖို့ အဆိုပြုထားပါတယ်။

Ref:BBC
Photo:Getty Images

#သတင်းဟင်းလေးအိုးကြီး

image