Ferrari ကတခြား automakers တွေထက် ပိုကြီးကျယ်ပြတတ်ပြီး သူတို့ရဲ့ privilege ကို အင်မတန်မြှင့်တင်ချင်တဲ့ brand တစ်ခုဆိုတာတော့ ထွေထွေထူးထူးပြောပြနေစရာတော့ လိုမယ်မထင်ပါဘူး
Founder ကြီး Enzo Ferrari ခေတ်ထဲက Ferrucio Lamborghini ကို မတူမတန် ဆက်ဆံလိုက်မိလို့ Automotive သမိုင်းတစ်လျှောက် အကြီးမားဆုံး ပြိုင်ဖက်တစ်ခုအဖြစ် Lamborghini နဲ့ အခုချိန်ထိ ရင်ဆိုင် ယှဉ်ပြိုင်နေရဆဲဖြစ်ပါတယ်
Motorsport မှာ V12 V10 အင်ဂျင်တပ် race car တွေနဲ့အတူ အောင်မြင်မှုအများအပြား သိမ်းပိုက်နိုင်ခဲ့တဲ့အခါမှာလည်း
"Aerodynamics are for the people who can't build engines"
"လေခွင်းအားကောင်းဖို့ဆိုတာ စွမ်းဆောင်ရည်မြင့် အင်ဂျင်တွေမတည်ဆောက်နိုင်တဲ့လူတွေအတွက်"
လို့ဆိုပြန်ပါတယ် အခုတော့ Ferrari ရဲ့ အကောင်းဆုံး Halo car line up က F40, F50, Enzo, LaFerrari တို့ကိုဆက်ခံတဲ့ F80 ဟာ 3L V6 လေးနဲ့ဖြစ်နေပါပြီ
Lamborghini က Urus ထုတ်တော့ Ferrari ရဲ့ CEO တွေက
"You have to shoot me first before we make an SUV" (ဘာသာမပြန်ပြတော့ပါ)
"SUV is a word that we don't use at Ferrari"
"SUV ဆိုတဲ့စကားလုံးကို ငါတို့ Ferrari မှာမသုံးဘူး" ဆိုပြီး တုန့်ပြန်ခဲ့ပါသေးတယ်
Urus ရဲ့ ရောင်းအားကကြောက်ခမန်းလိလိထောင်တက်သွားတာကို မြင်လိုက်ရပြီး သိပ်မကြာခင်မှာပဲ Purosangue ကြီးထွက်ချလာပြန်ပါတယ်
EV တွေနဲ့ပက်သက်လို့လည်း စိတ်မဝင်စားဘူးလို့ ခါးခါးသီးသီးငြင်းဆန်ထားပေမယ့် အခုတော့ Ferrari ရဲ့ ပထမဆုံး EV ကို Develop လုပ်နေပြန်ပါပြီ
October လထဲမှာချပြလာမယ်လို့သိရပါတယ်
Test car ရဲ့ အချိုးအစားအရ Purosangue ရဲ့ မော်ဒယ်အသစ်၊ ဈေးကွက်နောက်လိုက်ပြီး ရောင်းအားကောင်းဖို့အတွက်ပဲ ရည်ရွယ်တဲ့ 4 Door SUV ပဲဖြစ်မယ်လို့ ထင်ကြေးပေးနေကြပေမယ့် သေချာကြည့်ရင် Maserati Levante ကို camo sticker တွေအုပ်ပြီး ရုပ်ဖျက်ထားတာပါ ဆိုတော့ Powertrain ကိုပဲ စမ်းနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် Specification တွေ မသိရသေးပေမယ့် speaker တွေကထွက်တဲ့ အင်ဂျင်သံ အတုမဟုတ်ပဲ authentic အသံထွက်မယ့် လျှပ်စစ်ကားလို့တော့ဆိုထားပါတယ်ခင်ဗျား
