“လူသား နှင့် ဘာသာတရား"
♾♾♾♾♾♾♾♾♾♾♾♾♾♾♾
လောက၌ လူသားတို့သည် မိမိတို့နီးစပ်ရာ ယုံကြည်ရာဘာသာတရားများကို ကိုးကွယ်နေကြသော်လည်း မိမိကိုးကွယ်သည့် ဘာသာတရား၏ စစ်မှန်မှုရှိ မရှိ၊ တရားစစ် တရားမှန်ဟုတ်မဟုတ် မိမိလိုချင်သည့် ဘ၀လွတ်မြောက်မှု ချမ်းသာငြိမ်းအေးမှုစသည်တို့ကို အမှန်တကယ်ပေးစွမ်းရှိမရှိကို မဆန်းစစ်ဘဲ မိရိုးဖလာသဘောဖြင့် ပေါ့ပေါတန်တန်သဘေားထားနေကြသည်ကိုတွေ့ရသည်။
တစ်ရက်စာ၊တစ်နပ်စာသာ အရံဟင်းအဖြစ်စားသုံးမည့် ၁၀ဝိ ကျပ်တန် စျေးပေါသည့် ကန်စွန်းရွက်၊ချဉ်ပေါင်ရွက်ကို၀ယ်ယူသည့်မှာပင် လတ်ဆပ်သလား၊ ပိုးစားထားသလား၊ နုသလား၊ ရင့်သလား စသည်ဖြငိ့ အသေအခြာရွေးချယ်၍ ၀ယ်ယူကြလေ့ရှိသည်။
သို့သော်လည်း ပစ္စက္ခဘ၀သာမက နောင်သံသရာအထိအရေးပါလှသည့် ဘာသာတရားကိုးကွယ်မှုကိုမူ ၁၀ဝိ/ကျပ်တန် ကန်စွန်းရွက်၊ချဉ်ပေါင်ရွက်လောင်ပင် အလေးထား ရွေးချယ်ခြင်းမရှိကြပေ။
မည်သည့်လူမျိုး မည်သည့်ဘာသာ၀င်မဆို အရေးအကြီးဆုံးမေးခွန်းနှစ်ခုကို မဖြစ်မနေ ပြန်လည်မေးခွန်းထုတ်သင့်ကြပါသည်။
(၁) ငါကိုးကွယ်နေသည့် ဘာသာတရားသည် တရားစစ်တရားမှန်ဟုတ်သလာ။ ကိုးကွယ်ထိုက်သည့် ဂုဏ်အရည်အချင်းရှိသလား။
(၂) ငါကိုးကွယ်မေသည့် ဘာသာတရားသည် ငါလိုချင်သည့် လွတ်မြောက်မှု၊အေးငြိမ်းမှု၊ချမ်းသာမှုကို အမှန်တကယ် ပေးစွန်းနိုင်သလား။
ထိုသို့မေးခွန်းထုတ် လေ့လာနေသည့်အခါ၌ အဂတိကင်းစေရန် အမှန်အမှားကို မှန်ကန်စွာ ခွဲခြားစေနိုင်ရန်အတွက် မိမိကိုးကွယ်နေသည့်ဘာသာကို ခေတ္တခဏဖယ်ထား၍ သုံးသတ်လေ့လာ မေးခွန်းထုတ်ကြရမည်ဖြစ်ပါသည်။
မိမိကိုးကွယ်သည့်ဘာသာသည် မိမိလိုချင်သည့်အဖြေမရရှိပါကျန်ဘာသာများကို သေခြာကျနလေ့လာ၍ ကိုးကွယ်ထိုက်သည့် ဘာသာတရားကိုတွေ့ပါက ဘာသာပြောင်းလဲရန် ၀န်မလေးသင့်ပါပေ။
အဘယ့်ကြောင့်ဆိုသော် လောက၌ ဘာသာတရားရွေးချယ်ကိုးကွယ်ခြင်းသည် အရေးအကြီးဆုံးသောအရာဖြစ်သောကြောင့်ပါတည်း။
ဘာသာတရားကိုးကွယ်လွဲက တစ်ဘ၀သာမက သံသရာအဆက်ဆက် လမ်းလွဲ လမ်းမှားရောက်၍ သံသရာခရီးမှောက်မည်ဖြစ်သဖြင့် ဘာသာတရားတိုင်းကို အသိပညာဖြင့် သေခြာကျန ရွေးချယ်ကိုးကွယ်သင့်လှပါသည်။
"ဓမ္မဝီရ ဒေါက်တာတေဇနိယ "
“လူသား နှင့် ဘာသာတရား"
♾♾♾♾♾♾♾♾♾♾♾♾♾♾♾
လောက၌ လူသားတို့သည် မိမိတို့နီးစပ်ရာ ယုံကြည်ရာဘာသာတရားများကို ကိုးကွယ်နေကြသော်လည်း မိမိကိုးကွယ်သည့် ဘာသာတရား၏ စစ်မှန်မှုရှိ မရှိ၊ တရားစစ် တရားမှန်ဟုတ်မဟုတ် မိမိလိုချင်သည့် ဘဝလွတ်မြောက်မှု ချမ်းသာငြိမ်းအေးမှုစသည်တို့ကို အမှန်တကယ်ပေးစွမ်းရှိမရှိကို မဆန်းစစ်ဘဲ မိရိုးဖလာသဘောဖြင့် ပေါ့ပေါတန်တန်သဘေားထားနေကြသည်ကိုတွေ့ရသည်။
တစ်ရက်စာ၊တစ်နပ်စာသာ အရံဟင်းအဖြစ်စားသုံးမည့် ၁ဝဝိ ကျပ်တန် စျေးပေါသည့် ကန်စွန်းရွက်၊ချဉ်ပေါင်ရွက်ကိုဝယ်ယူသည့်မှာပင် လတ်ဆပ်သလား၊ ပိုးစားထားသလား၊ နုသလား၊ ရင့်သလား စသည်ဖြငိ့ အသေအခြာရွေးချယ်၍ ဝယ်ယူကြလေ့ရှိသည်။
သို့သော်လည်း ပစ္စက္ခဘဝသာမက နောင်သံသရာအထိအရေးပါလှသည့် ဘာသာတရားကိုးကွယ်မှုကိုမူ ၁ဝဝိ/ကျပ်တန် ကန်စွန်းရွက်၊ချဉ်ပေါင်ရွက်လောင်ပင် အလေးထား ရွေးချယ်ခြင်းမရှိကြပေ။
မည်သည့်လူမျိုး မည်သည့်ဘာသာဝင်မဆို အရေးအကြီးဆုံးမေးခွန်းနှစ်ခုကို မဖြစ်မနေ ပြန်လည်မေးခွန်းထုတ်သင့်ကြပါသည်။
(၁) ငါကိုးကွယ်နေသည့် ဘာသာတရားသည် တရားစစ်တရားမှန်ဟုတ်သလာ။ ကိုးကွယ်ထိုက်သည့် ဂုဏ်အရည်အချင်းရှိသလား။
(၂) ငါကိုးကွယ်မေသည့် ဘာသာတရားသည် ငါလိုချင်သည့် လွတ်မြောက်မှု၊အေးငြိမ်းမှု၊ချမ်းသာမှုကို အမှန်တကယ် ပေးစွန်းနိုင်သလား။
ထိုသို့မေးခွန်းထုတ် လေ့လာနေသည့်အခါ၌ အဂတိကင်းစေရန် အမှန်အမှားကို မှန်ကန်စွာ ခွဲခြားစေနိုင်ရန်အတွက် မိမိကိုးကွယ်နေသည့်ဘာသာကို ခေတ္တခဏဖယ်ထား၍ သုံးသတ်လေ့လာ မေးခွန်းထုတ်ကြရမည်ဖြစ်ပါသည်။
မိမိကိုးကွယ်သည့်ဘာသာသည် မိမိလိုချင်သည့်အဖြေမရရှိပါကျန်ဘာသာများကို သေခြာကျနလေ့လာ၍ ကိုးကွယ်ထိုက်သည့် ဘာသာတရားကိုတွေ့ပါက ဘာသာပြောင်းလဲရန် ဝန်မလေးသင့်ပါပေ။
အဘယ့်ကြောင့်ဆိုသော် လောက၌ ဘာသာတရားရွေးချယ်ကိုးကွယ်ခြင်းသည် အရေးအကြီးဆုံးသောအရာဖြစ်သောကြောင့်ပါတည်း။
ဘာသာတရားကိုးကွယ်လွဲက တစ်ဘဝသာမက သံသရာအဆက်ဆက် လမ်းလွဲ လမ်းမှားရောက်၍ သံသရာခရီးမှောက်မည်ဖြစ်သဖြင့် ဘာသာတရားတိုင်းကို အသိပညာဖြင့် သေခြာကျန ရွေးချယ်ကိုးကွယ်သင့်လှပါသည်။
"ဓမ္မဝီရ ဒေါက်တာတေဇနိယ "

image