Part-2
*နိမိတ်မကောင်းသောပွဲအထွက်
(၁၀) မီယာမီဆိပ်ကမ်း ရေဒီယို စတူဒီယိုထဲရှိ နိုင်ငံပေါ်က ယင်တစ်ကောင် သာ လွန်ခဲ့သည် ၃၇ နှစ်က သင်ဖြစ်ပြီး ကျွန်တော်၏ ပထမဦးဆုံး အသံ လွှင့်သည့် အတွေ့အကြုံကို တွေ့ကြုံခဲ့ရလျှင် ဘယ်လိုမှ အသံလွှင့်လုပ်ငန်း၊ စကားပြောဆိုသည့်လုပ်ငန်းနှင့် ပတ်သက်၍ အောင်မြင်ရန် မဆိုထားနှင့် ပေါက်မြောက်နိုင်မည့်သူဟုပင် ထင်မည်မဟုတ်ပေ။
ဦး ဝါရှင်တန်မှအထွက် ပထမလမ်း ရဲစခန်းနှင့် မနီးမဝေးရှိ WAHR အမည်ရှိ အသံလွှင့်ရုံငယ်လေး၌ ၁၉၅၇ ခုနှစ်၊ မေလ ၁ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။ ထိုနေရာသို့ ကျွန်တော်ရောက်နေသည်မှာ သုံးပတ် မျှရှိပြီး ကျွန်တော်၏ စိတ်ကူးယဉ်အိမ်ထဲက ရေဒီယိုလောကထဲသို့ ထိုးဖောက် ဝင်ရောက်နိုင်ရန် ကြိုးစား မျှော်လင့်လျက်ရှိသည်။ ထိုအသံလွှင့်ရုံ၏ အထွေ ထွေ မန်နေဂျာ မာရှယ်စင်မွန်က တခြားကျွန်တော့်မှာ ဘာမျှချီးကျူးစရာ မရှိသဖြင့် ကျွန်တော့်အသံကို သူကြိုက်နှစ်သက်ကြောင်း ပြောသည်။ သို့သော်လည်း သူ့မှာ ခန့်ထားနိုင်သည့် အနေအထားမရှိပေ။ ထိုသို့ဖြစ်သည့် အတွက်လည်း ကျွန်တော် စိတ်ဓာတ်ကျဆင်းသွားခြင်း မရှိပေ။ ကျွန်တော့် အနေဖြင့် ကျွန်တော်၏ကံကို စမ်းသပ်ကြည့်ချင်ကြောင်းကိုလည်း ပြောပြ သည်။ သူက “ဒါဆိုကောင်းပြီ၊ ဒီအလုပ်ကို စိတ်ဝင်စားနေရင် နေရာ လပ်ရှိတဲ့ နောက်တစ်ကြိမ်မှာ ရပါလိမ့်မယ်” ဟု ပြောဆိုလွှတ်လိုက် သည်။
ကျွန်တော်သည် ဘရုကလင်းမှ ထွက်လာခဲ့ခြင်းဖြစ်သည်။ ထိုအသံ လွှင့်ရုံသို့ လမ်းလျှောက်လာနိုင်သည့် အနီးအနားတွင်ပင် ကျွန်တော်၏ ဦးလေးဂျက်နှင့် သူ၏ဇနီးတို့နှင့်အတူ အခန်းငယ်လေးတစ်ခုမှာ ကျွန်တော် နေထိုင်သည်။ ထိုသို့နေပြီး ရရှိမည့်ရာထူးကို စောင့်စားနိုင်သည်။ ကျွန်တော့် မှာပိုက်ဆံလည်းမရှိ၊
အကာအရံဟူ၍ ကျွန်တော့်ဦးလေး၏ အိမ်ခေါင်မိုးသာ ရှိသည်။ နေ့စဉ် အသံလွှင့်ရုံသို့သွားသည်။ သတင်း အသံလွှင့်သူများ၏ သတင်းထုတ်လွှင့်ပုံကို နားထောင်သည်။ အားကစားသတင်း ထုတ်ပြန်မှုများ ကို ကြည့်ရှုသည်။
အေပီနှင့် ယူပီအိုင် သတင်းဌာနများမှ ထုတ်လွှင့်သော သတင်းများကို တိတ်တိတ်ဆိတ်ဆိတ် စွဲစွဲလမ်းလမ်း ပထမဆုံးအကြိမ် စောင့်ကြည့်ခဲ့သည်။ ကျွန်တော့်အကြောင်းကို ဇာတ်လမ်းအချို့ ရေးသည်။ တစ်စုံတစ်ယောက်က ကျွန်တော်၏ဇာတ်လမ်းကို အသံလွှင့်ရန်အတွက် အသုံးပြုကောင်းပြုနိုင် သည်ဟူသော မျှော်လင့်ချက်ဖြင့်ဖြစ်သည်။ သုံးပတ်ခန့်ကြာသည့်အခါ ရုတ်တရက်ဆိုသလိုပင် နံနက်ပိုင်း၌ အသံလွှင့်သော ဒီဂျေက အလုပ်ထွက် သွားသည်။ မာရှယ်က ကျွန်တော့်ကို သောကြာနေ့တစ်ရက်တွင် သူ့ရုံးခန်းသို့ ခေါ်ပြီး ကျွန်တော်အလုပ်ရကြောင်း ပြောလိုက်သည်။ တနင်္လာနေ့ နံနက် ၉ နာရီမှစ၍ အလုပ်ဝင်ရမည်ဖြစ်ကြောင်း ပြောသည်။ တစ်ပတ်လျှင် ၅၅ဒေါ်လာရမည်။ နံနက် ၉ နာရီမှ စတင် အလုပ်လုပ်ရမည်ဖြစ်ပြီး တနင်္လာနေ့မှ သောကြာနေ့အထိ အလုပ်လုပ်ရမည်။ အားကစားသတင်း ထုတ်လွှင့်ခြင်းကို ညနေ ၅ နာရီထိုးသည်အထိ လုပ်ရမည်။
#ဆက်ရန်ရှိ
