❝ Shōgun နဲ့ Squid Game ပေါင်းစပ်လိုက်တဲ့အခါ ❞
• ၂၀၂၅ အတွင်း ထုတ်လွှင့်ဖို့ ပြင်ဆင်ထားတဲ့ Last Samurai Standing အမည်ရှိ Netflix ရဲ့ ဂျပန်ဇာတ်လမ်းတွဲကို သရုပ်ဆောင်မင်းသား Junichi Okada ဟာ သူကိုယ်တိုင်ထုတ်လုပ်၊ သူကိုယ်တိုင်သရုပ်ဆောင်၊ သူကိုယ်တိုင် အက်ရှင်ဇာတ်ကွက်ဖန်တီးသူအဖြစ် ပါဝင်ထားပါတယ်။
• Last Samurai Standing ဟာ Shogo Imamura ရေးသားထားတဲ့ Ikusagami ဆိုတဲ့ Manga စီးရီးကို Live-Action အဖြစ်ပြန်အသက်သွင်းထားမှာဖြစ်တယ်၊ ဇာတ်လမ်းအနေနဲ့ ၁၉ ရာစုမှာတည်ထားပြီး Meiji ခေတ်၊ Kyoto မြို့ရဲ့ Tenryuji ဘုရားကျောင်းမှာ တိုက်ခိုက်ရေးသမားပေါင်း ၂၉၉ ယောက်အနေနဲ့ ငွေကြေးအမြောက်အမြားအတွက် အသက်လုတိုက်ခိုက်ကြရတာပဲဖြစ်ပါတယ်..ဒီတိုက်ပွဲရဲ့ စည်းမျဉ်းအနေနဲ့ ပြိုင်ပွဲဝင်တိုက်ခိုက်ရေးသမားတိုင်းဟာ တစ်ဦးနဲ့တစ်ဦး ယှဉ်ပြိုင်ခုတ်ထစ်ရင်း သူတို့ကိုပေးထားတဲ့ သစ်သားကဒ်လေးတွေကိုလိုက်စု၊ Tokyo မြို့ဆီခရီးဆက်ပြီး ဆုကြေးငွေကိုထုတ်ယူနိုင်မှာဖြစ်တယ်..ဒီထဲကမှ Shujiro Saga ဆိုတဲ့လူတစ်ဦးကတော့ ကျန်းမာရေးမကောင်းတဲ့ သူ့အမျိုးသမီးအတွက်ဆိုတဲ့ရည်ရွယ်ချက်တစ်ခုတည်းနဲ့ လာရောက်ဆင်နွှဲခဲ့ပါတယ်။
• Live-Action မှာတော့ ဇာတ်လမ်းကျဉ်းဖော်ပြထားပုံအရ ဆာမူရိုင်းစစ်သည်တော် အယောက် ၃၀၀ ဟာ Tenryuji ဘုရားကျောင်းမှာ ဆုကြေးဂျပန်ယန်း ၁၀၀ ဘီလျံ အတွက် ဝင်ရောက်ဆင်နွှဲတိုက်ခိုက်ကြမှာဖြစ်ပြီး နောက်ဆုံးရှင်ကျန်တဲ့ ဆာမူရိုင်းဟာ ဆုကြေးအားလုံးကိုရှိမယ်..ဆာမူရိုင်းတို့ထွန်းပေါက်ခဲ့တဲ့ကာလရဲ့ Battle Royale သဘောမျိုး ကြည့်ရှုရမဲ့ဇာတ်လမ်းတွဲမျိုးဖြစ်တယ်လို့ နားလည်လွယ်အောင် ရှင်းပြထားပါတယ်။
