9 ပတ် - ဘာသာပြန်ပါ။

နိုင်ငံတကာသတင်း
အီလွန်မက်စ်၏ လုံခြုံရေးအတွက် USMS က သီးသန့်လုံခြုံရေးပေးထား
အမေရိကန်အစိုးရ၏ လုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်နေသည့် ဘီလျံနာသူဌေးကြီး အီလွန်မက်စ်၏ လုံခြုံရေးအတွက် USMS က သီးသန့်လုံခြုံရေးပေးထားကြောင်း သတင်းရင်းမြစ်များအားကိုးကားပြီး အမေရိကန်မီဒီယာများက ရေးသားသည်။

USMS (United States Marshals Service) သည် ပြည်ထောင်စု တရားဥပဒေစိုးမိုးရေးအေဂျင်စီ တစ်ခုဖြစ်ပြီး အမေရိကန်ရှေ့နေချုပ်၏ လမ်းညွှန်မှုအောက်တွင်ရှိသည့် အဖွဲ့အစည်းလည်းဖြစ်သည်။

အဆိုပါ သီးသန့်လုံခြုံရေးများသည် လက်နက်ကိုင်ဆောင်ခွင့်ရှိပြီး လက်ရှိအချိန်တွင် အီလွန်မက်အနေဖြင့် ဘေးကင်းလုံခြုံမှုဆိုင်ရာနှင့် ခြိမ်းခြောက်မှုများ ရှိနေခြင်းကြောင့် ယခုလို ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း နီးစပ်သူများကဆိုသည်။

အီလွန်မက်စ်သည် အစိုးရနှင့် ဆက်စပ်ဌာနများ အသုံးစရိတ်လျှော့ချခြင်း ဝန်ထမ်းအင်အားလျှော့ခြင်းများအား ရဲရဲတင်းတင်းလုပ်ဆောင်းနေခြင်းကြောင့် ပြိုင်ဘက်အင်အားစုများ၏ ဝေဖန်တိုက်ခိုက်ခြင်းခံနေရသူလည်းဖြစ်သည်။

image