မြန်မာသံ ဂန္တဝင်အဆိုတော်ကြီး ခင်ညွန့်ရည် ကွယ်လွန်သွားရှာပြီ။ ရေဒီယိုခေတ်ကတည်းက တောက်ပခဲ့သူ ဖြစ်ပြီး ကက်ဆက်ခွေပေါင်း ၁၀၀ ကျော်ထွက်ရှိခဲ့တဲ့အပြင် သီချင်းပေါင်းများစွာ သီဆိုခဲ့သူတဦး ဖြစ်ပါသည်။ ကွယ်လွန်ချိန်မှာ အသက် ၇၅နှစ် အရွယ်ကျ ရောက်ရှိနေပြီလို့လည်း သိရပါတယ်။