19 w - Translate

Sheet masks တွေကို နည်းမှန်လမ်းမှန်
ဘယ်လိုကပ်ရမလဲ❓
Nyi ကိုယ်တိုင်ကတော့ sheet mask person မျိုး မဟုတ်ပေမဲ့ sheet mask ကပ်တဲ့အခါ မှားတတ်ကြလွန်းလို့ ဒီနေ့ sheet mask တွေကို ဘယ်လိုနည်းလမ်းတကျသုံးရမယ်ဆိုတာလေး ပြောပြချင်ပါတယ်🤔
Sheet mask ကပ်မယ်ဆိုရင် အရင်ဆုံး မျက်နှာအရင်သစ်ပါ, double cleansing လုပ်ဖို့လိုရင် double cleansing လုပ်ပါ။ ဖြစ်နိုင်ရင် sheet mask မကပ်ခင် toner လိမ်းပေးနိုင်ရင် ပိုကောင်းပါတယ်။ ကပ်ပြီး 15min ကြာရင် sheet mask ကိုခွာပြီး essence အရည်တွေ အသားထဲစိမ့်ဝင်တဲ့ထိ အချိန်ခဏစောင့်ပါ⏱️ စိမ့်ဝင်တာမြန်အောင် massage လုပ်တာ ပွတ်လိမ်းတာမျိုး လုပ်နိုင်ပါတယ်။ အရေးကြီးတာက sheet mask ကပ်ပြီး ရေဆေးမချဖို့နဲ့ essence အရည်တွေကို အဝတ်နဲ့ သုတ်မပြစ်ဖို့ပါ🔑 ပြီးရင် ကိုယ်သုံးချင်တဲ့ serum/ampoule တခုခု လိမ်းပါ။ Sheet mask ရဲ့ အာနိသင်အပြည့်အဝရဖို့အတွက် sheet mask ကပ်ပြီး နောက်ကနေ moisturizer မဖြစ်မနေလိုက်လိမ်းပေးသင့်ပါတယ်။
Hope you find this helpful❤️
#knowledgesharingbynyi
#reviewbynyi
#skincarereview

image