9 w - Translate

မိုးဟာ တစိမ့်စိမ့်နဲ့ တစ်နေ့လုံး ရွာနေတယ်။ ဟိုးအရင်ခေတ်ကြီးတစ်ခေတ်လုံး မည်းမှောင်ခဲ့သလိုမျိုး တိုက်ခေါင်မိုးတွေကြားက မြင်ရတဲ့ကောင်းကင်ကြီးလည်း မည်းမှောင်လို့။ တကယ့်ဘဝကို ရုပ်ရှင်ဖလင်လိုပြန်ရစ်ကြည့်လိုက်ရင် တိုတိုလေးပါပဲ။ တချို့ ဖလင်ကွက်တွေ စိတ်ထဲစတေဖမ်းပြီး ကြည့်လိုက်ရင် ငါတို့ကောင်တွေ လက်ဖက်ရည်သောက်
နေတုန်း။ ကောင်တာမှာ ထပြီး မီးညှိနေတုန်း။ ကားလမ်းမကို ငေးကြည့်နေတုန်း။ ပစ္စည်း သွားဖျောနေတုန်း။ ရည်းစားစာ ရေးနေတုန်း။ ဝတ္ထုစာအုပ်လေး ချိုင်းကြားညှပ်ပြီး မိုးရေထဲ လှစ်ခနဲ ပြေးနေတုန်း။ ဘဲဥ ဆီပြန်ဟင်းနံ့လေး ရနေတုန်း. . . .
---------
သတိရခြင်းများ တစိမ့်စိမ့်
လွင်မောင်မောင်

image