မွေးနေ့မှာ ဘိုးဘွားရိပ်သာနဲ့အတူ ပုဂံကအလိုတော်ပြည့်ဘုရားမှာ အလှူအတန်းတွေပြုလုပ်ခဲ့တဲ့ စိုင်းစည်တွမ်ခမ်း
မနေ့ကကျရောက်တဲ့ သူ့ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ သူ့ရဲ့မွေးနေ့လေးမှာ ပုဂံကအလိုတော်ပြည့်ဘုရားမှာ ဆန်စေတီကပ်လှူပူဇော်ခဲ့ပါတယ်။ ဒါ့အပြင် ဘိုးဘွားရိပ်သာမှာလည်း အဘိုးအဘွားတွေအတွက် ထမင်းဟင်းတွေ လှူဒါန်းခဲ့တာပါ။ စိုင်းစည်တွမ်ခမ်းဟာ လက်ရှိပြသနေတဲ့ ကြင်ဖော်ဇာတ်လမ်းတွဲမှာ စိုးပြည့်သဇင်နဲ့အတူ တွဲဖက်သရုပ်ဆောင်ပြီး လူကြိုက်များနေတာပါ။
#celenews
