ယခု ကျွန်တော်လုပ်ပြမယ့်ပုံစံကတော့ အရမ်း
ခြောက်ကပ်မှုမရှိဘဲ ကပွဲကပ်လေး ဖြစ်တာ
ကြောင့် လူကြိုက်များပါတယ်။ လုပ်ရတာလည်း
ခက်ခဲမှုမရှိပါဘူး။
ပါဝင်ပစ္စည်းများ
အာလူး – ၁ ကီလိုဂရမ်
ဂျုံ - ၁၅၀ ဂရမ်
ကြက်သွန်ဖြူမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပါပရီကာမှုန့် - အနည်းငယ်
ဆား၊ ငရုတ်ကောင်း - အနည်းငယ်
Dijon Mustard - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- တရုတ်နံနံ - အနည်းငယ်
ရေ - သင့်တော်ရုံ
ပြုလုပ်နည်း
၁။ ဦးစွာ အာလူးကို အခွံမခွါဘဲ ရေစင်အောင် ဆေး
ပါ။ ပြီးလျှင် ခွဲ၍ စိတ်ပြီး ကျက်လုနီးနီး ပြုတ်ပါ။
၂။ ဂျုံနှစ်ဖြစ်စေရန် ကျန်ပါဝင်ပစ္စည်းများ ရောမွှေ
ပါ။ အရမ်းမပျစ်ဖို့ သတိထားပါ။
၃။ ပြုတ်ထားတဲ့ အာလူးများကို ဂျုံနှစ်ထဲနှစ်၍
ကြော်ပါ။ အရောင်များတောက်လာလျှင် ကျက်ပါ
ပြီ။

image