9 w - Translate

ယောင်္ကျားတစ်ယောက်အတွက် ကြီးပွားစေတဲ့ အချက် ၄ ချက်
ယောင်္ကျားတစ်ယောက် အနာဂါတ်မှာကြီးပွားမယ်၊မကြီးပွားဘူးကို အောက်ကအချက် ၄ ချက်ကိုကြည့်ပြီးသိနိုင်တယ်။
ပထမအချက်က သူ့ရဲ့ဝါသနာ
ကြီးပွားမဲ့ယောင်္ကျားတစ်ယောက်ဟာ အပျော်အပါး၊အသောက်အစား၊လောင်းကစားနဲ့ Game ကစားပြီးသူ့ရဲ့တန်ဖိုးရှိတဲ့လူလတ်ပိုင်းအချိန်တွေကို ဘယ်တော့မှကုန်ဆုံးခံမှာ မဟုတ်ဘူး။သူ့မှာ သူ့ဘဝအတွက်အထောက်အကူပြုတဲ့ ဝါသနာတစ်ခု သို့မဟုတ် နှစ်ခုလောက်ရှိကြတယ်။ဥပမာ
စာဖတ်ခြင်း၊အားကစားလိုက်စားခြင်း၊အတတ်ပညာတစ်ခုခုလေ့လာခြင်း တို့လိုမျိုးဖြစ်တယ်။
ဒုတိယအချက်က သူနေတဲ့အခန်း
စီးပွားရေး တက္ကသိုလ်တွေရဲ့လေ့လာတွေ့ရှိချက်အရ သန့်ရှင်းသပ်ရပ်မှုကိုဦးစားပေးတဲ့ ယောင်္ကျားတစ်ယောက်ဟာ ပေတီးပေစုပ်နေတတ်တဲ့ ယောင်္ကျားတစ်ယောက်ရဲ့ကြီးပွားအောင်မြင်ဖို့ရာခိုင်နှုန်းထက် ၃၀% ပိုများတယ်။
ဒါ့ကြောင့် "ကိုယ့်နေတဲ့အခန်းကိုတောင် သပ်သပ်ရပ်ရပ်မထားနိုင်တဲ့ယောင်္ကျားတစ်ယောက်ဟာ ဘယ်လိုလို့ အိမ်ထောင်တစ်ခု၊နိုင်ငံတစ်နိုင်ငံကိုသပ်သပ်ရပ်ရပ်နဲ့ဦးဆောင်နိုင်ပါ့မလဲ" လို့ ရှေးလူကြီးတွေကဆိုကြတယ်။
တတိယအချက်က သူ့ရဲ့မိဘကိုဆက်ဆံမှု
မိဘကိုင်းရှိုင်းတာကိုပထမနေရာမှာ ထားထားတဲ့ ယောင်္ကျားတစ်ယောက်အတွက်
သူ့အတွက်ကြီးပွားမယ်၊မကြီးပွားဘူးဆိုတာကို ငွေကုန်ခံပြီးဗေဒင်မေးစရာမလိုပါဘူး။မိဘကိုင်းရှိုင်းတဲ့ယောင်္ကျားတစ်ယောက်ဟာ ကျေးဇူးသိတတ်သူတစ်ယောက်ဖြစ်ပြီး တာဝန်ယူမှုအပြည့်ရှိတဲ့ယောင်္ကျားဖြစ်တယ်။ဒါဟာကြီးပွားမဲ့ယောင်္ကျားတစ်
ယောက်ရဲ့ စရိုက်လက္ခဏာပါပဲ။
စတုတ္ထအချက်ကတော့ သူ့ရဲ့အဝန်းအဝိုင်း
သောက်ရေသန့်တစ်ဘူးကို ကုန်စုံဆိုင်မှာဝယ်ရင် သုံးရာနဲ့ရနိုင်တယ်။အဲ့ဒီရေသန့်တစ်ဘူးကိုစားသောက်ဆိုင်မှာဆို ငါးရာဖြစ်သွားတယ်။အဲ့ဒီရေသန့်ကိုပဲ လေဆိပ်မှာဝယ်ရင် တစ်ဒေါ်လာနဲ့ဝယ်ခဲ့ရတယ်။တူညီတဲ့အရည်အသွေးရှိကြပေမဲ့ မတူညီတဲ့နေရာကြောင့် တန်ဖိုးပြောင်းလဲသွားတာတွေ့ရတယ်။
ဒါကြောင့်လူတစ်ယောက်ဟာ ဘယ်နေရာဘယ်အဝန်းအဝိုင်းမှာရှိနေတာဟာ သူ့ရဲ့တန်ဖိုးကိုဖော်ပြနေတယ်။အဝန်းဝိုင်းပေါ်မှာမူတည်ပြီး သူ့ရဲ့အတွေးအခေါ်နဲ့နားလည်နိုင်စွမ်းတွေဟာ ကွဲပြားသွားတယ်။
သာမန်လူအဝန်းအဝိုင်းမှာ ကိုယ့်ကိုပြောပြနိုင်တာဟာ ဘယ်လိုအလုပ်ကိုကြိုးစားရမယ်၊ဘယ်လိုငွေကိုချွေတာသုံးရမယ်၊ဘယ်လိုငွေစုရမယ်။
ဒါပေမဲ့ချမ်းသာတဲ့အဝန်းအဝိုင်းမှာ ကိုယ့်ကိုသင်ပေးမှာက ဘယ်တော့မှအဲ့ဒီနည်းလမ်းမဟုတ်ဘူး။ သူတို့ကိုယ့်ကိုသင်ပေးမှာက ငွေကိုဘယ်နေရာမှာသုံးရမယ်၊ငွေကနေငွေဖြစ်လာဖို့အတွက် ငွေကိုဘယ်လိုခိုင်းစေရမယ်ဆိုတာ သင်ပေးလိမ့်မယ်။
ဒီအချက်တွေက ယောင်္ကျားတစ်ယောက် အနာဂါတ်ကြီးပွားဖို့ကို ဆုံးဖြတ်ပေးနေတယ်။

image