9 ပတ် - ဘာသာပြန်ပါ။

ဘဝမှာ
ငါတို့ မကာကွယ်လိုက်နိုင်တဲ့
ငါတို့ မြတ်နိုးရတဲ့ အရာတွေ လူတွေ ရှိတယ် ။
သဘောကျနေရက်နဲ့
သဘောကျလိုက်တာလို့ မပြောဖြစ်ခဲ့တဲ့ အရာတွေ
ပိုင်ဆိုင်ချင်ရက်နဲ့
လက်လွှတ်လိုက်ရတဲ့ အရာတွေ
မြတ်နိုးနေပါရက်နဲ့
ချစ်မြတ်နိုးကြောင်း မပြောဖြစ်လိုက်တဲ့ အရာတွေ
ပြီးတော့ ချစ်နေရက်နဲ့
ချစ်လိုက်တာလို့ မပြောဖြစ်လိုက်တဲ့ အရာတွေ
ဒီလိုအရာတွေ အနားက ပျောက်ကွယ်သွားချိန်မှ
ငါ အဲ့ဒီအချိန်က ခုထက် ပိုကောင်းပေးခဲ့ရင်ကောင်းသား
သတိရလိုက်တာ ဆိုတဲ့ စကားလုံးတွေနဲ့
နောင်တတွေ ထွေးပိုက်မထားရလေအောင်
လက်ရှိ ပစ္စုပ္ပန်မှာ နေထိုင်ပြီး
ကိုယ် ချစ်တဲ့အရာ ကိုယ် မြတ်နိုးတဲ့အရာတွေအတွက်
ကာကွယ်ကြရအောင်ပါ

image