10 w - Translate

Haru Haru Wonder Black Rice Pure Mineral Relief Daily Sunscreen SPF50+ PA++++💞

Physical sunscreen လေးမလို့ နောက်ဆုံးမှာရေးလိုက်ပါတယ်။ ဘယ်သူတွေက physical sunscreen ကိုသုံးသင့်လဲဆိုရင် ကိုယ်ကအသားလဲမညိုဘူး၊ အဆီပြန်လို့ အဆီထိန်းတဲ့ sunscreen မျိုးလဲ သုံးချင်တယ်၊ white cast နည်းပြီး texture အဆင်ပြေတာမျိုးဆို ဒါလေးသဘောကျမယ်လို့ Nyi ထင်ပါတယ်။ သူကလဲ Black rice အဓိကသုံးထားပြီး ပါဝင်ပစ္စည်းတွေကလဲသန့်၊ mineral filters တွေပဲ အသုံးပြုထားတာမလို့ ပြောရရင် very sensitive skin တွေနဲ့ပါ အဆင်ပြေနိုင်ပါတယ်။ Texture က physical sunscreen တွေရဲ့ standard နဲ့ကြည့်ရင် blend ရလွယ်တဲ့ထဲ၊ မပူမထူ မစေးကပ်တဲ့ထဲပါတယ်။ သို့သော်လဲ chemical sunscreen တွေလောက်တော့ ပေါ့ပါးမနေနိုင်ဘူးပေါ့နော်။ White cast လဲနည်းပါတယ်။ သူ့ရဲ့အားသာချက်ကဘာလဲဆို လိမ်းထားရင် matte finish ပေးပြီး အဆီမပြန်အောင်ထိန်းပေးတယ်၊ sunscreen လိမ်းပြီး မျက်နှာကြီးမဲသွားတယ်ဆိုတာမျိုး မဖြစ်စေဘဲ အချိန်အကြာကြီး fresh ဖြစ်နေစေတယ်ပေါ့နော်။ Oily & Combination skin ကိုမှ အသားအရောင်လတ်တဲ့သူတွေကို ညွှန်းလိုက်ပါတယ်။

#skincarereview

image