10 ပတ် - ဘာသာပြန်ပါ။

ဒီတစ်ခေါက်ပြောပြချင်တဲ့စာအုပ်လေးက လင်းခန့် ရဲ့ "သေချင်နေပေမဲ့ တော့ပိုကီလေးတော့စားချင်သေးတယ်" ဆိုတဲ့စာအုပ်ပါ 🥘🥢
မူရင်းကတော့ ကိုရီးယား စာရေးဆရာမ Baek Se-hee ရဲ့ I want to die but I want to eat tteokbokki ဆိုတဲ့စာအုပ်ပါ။ တောင်ကိုရီးယားမှာ ထုတ်ဝေပြီးတာနဲ့ Best Seller တန်းဝင်သွားတဲ့စာအုပ်လေးပါ။ BTS အဖွဲ့ဝင် ရှင်တို့ရဲ့အချစ်တော် RM ကလည်း ဒီစာအုပ်လေးကို ညွှန်းထားပါသေးတယ်။
ဘတ်ဆယ်ဟီး(စာရေးဆရာမ)ကိုယ်တိုင် psychiatrist နဲ့ counselling ယူပြီး သူခံစားနေရတဲ့ depression ကို ကုထုံးယူခဲ့တဲ့ အတွေ့အကြုံကို ပြန်လည်ရေးသားထားတာပါ။ ဘတ်ဆယ်ဟီးဟာ ဒီစာအုပ်ကို လွယ်လွယ်ရေးနိုင်ခဲ့တာ မဟုတ်ပါဘူး။ သူ့ရဲ့ ဘ၀မှန်ကို ချပြရပြီး သူ့မှာ ရှိနေတဲ့ dark side တွေကိုပါ လှစ်ဟဖော်ပြရတဲ့အတွက် ဒီလိုစာအုပ်မျိုး နောက်တစ်ခါတော့ ထပ်ရေးဖြစ်မှာ မဟုတ်ဘူးလို့ပြောထားပါတယ်။
စာအုပ်ထုတ်ဝေရေးတိုက်ကြီးတစ်ခုရဲ့ digital marketing ဌာနက သာမန်ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဆယ်ဟီးဆိုတဲ့ကောင်မလေးတစ်ယောက်။ သာမန်လူတွေလိုပဲ ဘ၀ကို ရိုးရှင်းစွာ ဖြတ်သန်းရင်း နေ့စဉ်ကြုံတွေ့နေရတဲ့ ပုံမှန်ခံစားချက်တွေကနေ တစ်ဖြည်းဖြည်းချင်း depression ဝင်မှန်းမသိဝင်လာပြီး စိတ်တွေအမြဲရှုပ်ထွေး ယောက်ယက်ခက်နေတတ်တဲ့ ကောင်မလေးဖြစ်လာခဲ့တယ်။ depression ကြောင့် တဖြည်းဖြည်းနဲ့ သူ့ရဲ့ ဘ၀နေထိုင်မှုကိုပါ နှောင့်ယှက်လာတယ်။ နောက်ဆုံးမှာတော့ သတ္တိမွေးပြီး psychiatrist နဲ့ တွေ့ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ကိုယ့်ကိုကိုယ် အမြဲအားမလို အားမရဖြစ်မှု၊ သိမ်ငယ်စိတ်တွေ၊ အခြားသူတွေက ကိုယ့်အပေါ်ဘယ်လိုမြင်မလဲဆိုတဲ့ စိုးရိမ်ပူပန်မှုတွေအပြည့်နဲ့ကောင်မလေးပါ။ ဆယ်ဟီး နဲ့ psychiatrist ရဲ့ အပြန်လှန် စကားပြောပုံတွေကို အမေးအဖြေပုံစံ နဲ့ ရေးထားတာပါ။ တစ်ခါတစ်လေမှာ မလိုအပ်ပဲ ပတ်ဝန်းကျင်ရဲ့ အမြင်တွေကို အရမ်းလိုက်ခံစားတတ်ကြတဲ့သူတွေရှိပါတယ်။ လူတစ်ယောက်က ကိုယ့်ဘာဖြစ်လို့ ဖြစ်ချင်နေမှန်း ရေရေရာရာမသိတော့ပဲ သူများက ကိုယ့်ကိုအထင်သေးမှာ ကြောက်တဲ့စိတ်၊ စိုးရိမ်တဲ့စိတ်တွေက ကြီးစိုးလာပြီး၊ ဘေးလူတွေအလိုကျ ဟန်ဆောင်ဖုံးကွယ်ပြီး လိုက်နေရတဲ့အခါ ဘာတွေဆက်ဖြစ်လာနိုင်လဲ။ ကိုယ့်စိတ်ရဲ့ အနက်ရှိုင်းဆုံးနေရာထိ depression က ဘယ်လောက်နေရာယူထားပြီလဲ၊ Trauma တွေ ဘယ်လောက်တောင်များနေပြီလဲ။ လူတွေမှာ စိတ်တွေပြိုလဲကျလာတဲ့အခါ အထိခိုက်တွေများလာတဲ့အခါ psychiatrist တွေ၊ psychologist တွေ နဲ့ ဆက်သွယ်ပြီး healing လုပ်ကြတယ်၊ ပြဿနာကို အဖြေရှာကြပါတယ်။
ကိုယ့်ရဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး အားမလို အားမရဖြစ်နေတဲ့သူတွေ၊ psychiatrist နဲ့ ပြဖို့ စဉ်းစားနေတဲ့သူတွေရှိရင် Karine ကတော့ ဒီစာအုပ်ကိုဖတ်ကြည့်စေချင်ပါတယ်။ ဖတ်နေရင်းနဲ့ ဆယ်ဟီးနေရာမှာ ကိုယ်ဖြစ်သွားပြီး psychiatrist နဲ့ ကုထုံးယူနေသလိုကို ဖတ်ရင်း ခံစားမိလာမှာသေချာပါတယ်။ Karine တော့ သဘောကျတယ်။ ဖတ်ဖူးနေကြစာအုပ်တွေကနေလည်း ကွဲထွက်နေသလို paychiatrist ရဲ့မေးခွန်းတွေကို ကိုယ်ပါလိုက်ဖြေရင်း ကိုယ့်ရဲ့စိတ်ကိုပါ Test လုပ်လို့ရတယ်လို့ထင်မိလို့ပါ။ ဘာသာပြန်ထားတာလည်း တော်တော်ကောင်းပါတယ်။ ဒါကြောင့် ဖတ်ကြည့်ဖို့အတွက်ပြောချင်ပါတယ်။
Review လေးကတော့ ဒီလောက်ပါပဲနော်။
အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

image