10 ပတ် - ဘာသာပြန်ပါ။

စမတ်မျက်မှန်တွေက တကယ်ပဲ အနာဂတ်မှာ စမတ်ဖုန်းအစားထိုး gadget တွေ ဖြစ်လာတော့မှာလား။

၁. စမတ်ဖုန်းခေတ် ကုန်ဆုံးဖို့ နီးလာသလား ..

အစချီပြောရရင် စမတ်ဖုန်းတွေရဲ့ max out ဖြစ်လာတဲ့ ပုံစံအကြောင်း ပြောရမယ်။ တနှစ်နဲ့တနှစ်ထွက်လာတဲ့ ဖုန်းတွေက သိသိသာသာပြောင်းလဲလာတာမရှိပဲ ဒီပုံစံနဲ့ပဲ သွားနေတာ နှစ်ချီနေပါပြီ။

တကယ်တမ်းတွေးကြည့်တော့လည်း ဘာမှသိပ်ပြီး upgrade လုပ်စရာမရှိတော့ပါဘူး။ Hardware မှာ chipset ပြောင်းတယ်၊ ကင်မရာ sensor ပြောင်းတယ်၊ peak nits တွေ တိုးတယ်၊ လုပ်စရာမရှိတော့လို့ ခလုတ်အပိုတွေထည့်တယ်။ ခေတ်နဲ့အညီ AI feature တွေထပ်ထည့်တယ်။ ဒါတွေက ကျနော်တို့ နောက်ပိုင်းအသစ်ထွက်တဲ့ flagship ဖုန်းတွေမှာ တွေ့မြင်နေကြပါပဲ။

၂. ခေါက်ဖုန်းပြောင်းလဲမှု ယိုယွင်းချက်

ခေါက်လို့ရတဲ့ စမတ်ဖုန်းတွေ စတင်မိတ်ဆက်ခဲ့တာ အခုဆို ၅နှစ် ကျော်လာပါပြီ။ အချိန်တွေကြာလာတဲ့တိုင်အောင် အခုထက်ထိ ခေါက်ဖုန်းတွေကို mainstream အနေနဲ့ အသုံးချတဲ့ ရာခိုင်နှုန်းက အတော်လေးကို နည်းနေပါသေးတယ်။

ဒါကလည်း တဖက်ကကြည့်ရင် ကြီးလွန်းနေတဲ့ဈေးတွေကြောင့်ရော ခေါက်ရဖြန့်ရတာ အလုပ်ရှုပ်တယ်လို့ ယူဆထားကြတဲ့ လူအများစုရယ်ကြောင့်ပါ။ ကျနော့်အတွက်တော့ ဈေးတွေမလျှော့သရွေ့ ခေါက်ဖုန်းတွေက ရိုးရိုးသာမန် စမတ်ဖုန်းတွေကို ဘယ်သောအခါမှ ကျော်နိုင်မယ်မထင်ပါဘူး။

၃. စမတ်မျက်မှန်ခေတ်သို့ ခြေတလှမ်း

facebook | Meta တည်ထောင်သူ ဇူကာဘတ်ကတော့ ၂၀၃၀ မတိုင်ခင်မှာ စမတ်မျက်မှန်တွေခေတ်ရောက်လာနိုင်တယ်လို့ ပြောထားပါတယ်။ အခုဆိုရင် Meta နဲ့ Rayban ပေါင်းထုတ်ထားတဲ့ စမတ်မျက်မှန်တွေလည်း ဝယ်ယူလို့ ရနေပါပြီ။

အခုလက်ရှိအထိ စမတ်မျက်မှန်တွေမှာ ဓာတ်ပုံရိုက်တာ၊ ဗီဒီယိုရိုက်တာ၊ သီချင်းနားထောင်တာ၊ဖုန်းပြောတာတွေအပြင် social media မှာ live လွှင့်တာ အစရှိတဲ့ လုပ်ဆောင်ချက်တွေ ရပါတယ်။ ဒါပေမယ့် ဒါတွေက limit ဖြစ်နေပြီး အထူးသဖြင့် ဘက်ထရီပိုင်းနဲ့ပက်သက်ပြီး တိုးတက်မှုတွေ ရှိလာဖို့ လိုပါသေးတယ်။

စမတ်မျက်မှန်ဆိုတဲ့အပိုင်းမှာ ပုံရိပ်ယောင်မြင်ကွင်းအသုံးပြုမယ့် AR,VR နည်းပညာတွေလည်း ထပ်ပြီး ပေါင်းထည့်လို့ရပါသေးတယ်။

၄. စမတ်မျက်မှန် အသုံးပြုမှု များလာနိုင်သလား

လူအများစုက စမတ်ဖုန်းတွေနဲ့ ဖုန်းပြောတာအပြင် social media ပေါ်မှာ အချိန်ကုန်ဆုံးကြတာ များပါတယ်။ အဲ့တော့ စမတ်မျက်မှန်တွေမှာ social media တွေကို ကောင်းကောင်းအသုံးပြုနိုင်တဲ့ အခြေအနေရောက်ရင် စမတ်မျက်မှန်တွေရဲ့ demand က ပိုတိုးလာနိုင်ပါတယ်။ ဒါတွေကိုမှ + voice assistant ပါထည့်ပေးလိုက်ရင် ပိုပြီး ပြည့်စုံသွားမှာပါ။

တဖက်ကကြည့်ရင် ဖက်ရှင်ပိုင်းကို ဦးစားပေးတဲ့သူတွေအကြိုက်လည်းဖြစ်ဦးမှာပါ။

၅. အဆုံးသတ် အမြင်

အခုချိန်မှာ စမတ်ဖုန်း ကုမ္ပဏီအများစုက စမတ်မျက်မှန်ထုတ်တဲ့ဘက်ကို သိသိသာသာ အားစိုက်လာကြတာ မြင်ရမယ်။ Apple ရဲ့ Vision Pro က XR headset ဖြစ်ပေမယ့်လည်း ဒါဟာ ရိုးရိုးသာမန် စမတ်မျက်မှန်ကို ကူးပြောင်းဖို့ လမ်းစတခုပဲ။

အလားတူ oppo ကနေလည်း AI voice assistant ပါတဲ့ Air Glass 3 ကို prototype အနေနဲ့ ပြထားတယ်။ ဒါကလည်း လုပ်ဆောင်ချက်အားလုံးကို standalone သီးသန့်အသုံးပြုနိုင်မှာမဟုတ်သေးပဲ ဖုန်းနဲ့ချိတ်ဆက်ပြီးမှသာ အပြည့်အဝ အသုံးချနိုင်ဦးမှာပါ။

Samsung ကလည်း ပြီးခဲ့တဲ့ S25 မိတ်ဆက်ပွဲမှာ စမတ်မျက်မှန်တွေ ထုတ်သွားဖို့ရှိကြောင်းကို သူတို့ရဲ့ future product lineup slide မှာ ထည့်သွင်းဖော်ပြသွားပါသေးတယ်။

ဒါတွေကိုကြည့်ရင် tech company တွေက အနာဂတ်မှာ အသုံးပြုသူပိုများလာနိုင်တဲ့ စမတ်မျက်မှန်တွေဘက်ကို အခုချိန်ကတည်းက ကူးပြောင်းနေပါပြီ။ စမတ်မျက်မှန်‌တွေက ရေရှည် စမတ်ဖုန်းအစားထိုး gadget တခုဖြစ်လာမလား ဒါမှမဟုတ် အသုံးပြုသူတစုနဲ့ပဲ ရပ်တန့်သွားမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရင်း..။

image