IP69 rating ၊ 6000mAh ဘက်ထရီသုံး တန်ဖိုးသင့် realme P3 စီးရီးဖုန်း
ဘတ်ဂျက်ဖြစ်ပြီး အကြမ်းခံမှုမြင့်တဲ့ realme P3 စီးရီး realme P3 Pro နဲ့ P3x တို့ အိန္ဒိယဈေးကွက်ထဲ ဝင်လာပါတယ်။
ဒီဖုန်းတွေက ဒေါ်လာ ၃၀၀ တန်းအောက်ဖုန်းတွေ ဖြစ်ပြီး တစ်လုံးနဲ့တစ်လုံး ဒေါ်လာ ၁၀၀ လောက် ဈေးဟပါတယ်။ တူတဲ့အချက်က နှစ်မျိုးလုံးက 6000mAh ဘက်ထရီနဲ့ လာတာပါ။ ပိုမြင့်တဲ့ P3 Pro က 80W charging အထိ ရပြီး charger ကနေ ပါဝါတိုက်ရိုက်ယူနိုင်တဲ့ bypass charging ပါပြီး P3x ကတော့ 45W support ပေးထားပါတယ်။
နောက်တူတာတစ်ခုက water jets ရေပန်းဒဏ်ပါ ခံနိုင်တဲ့ IP68/69 rating ပါပြီး Android 15 ပေါ်မှာ တည်ဆောက်ထားတဲ့ realme UI 6.0 နဲ့ လာတာပါ။ Pro တန်းက ဈေးမြင့်သလို ဒီဇိုင်းနဲ့ spces လည်း rank ခြားထားပါတယ်။ realme P3 ၆.၈၃ လက်မ မှန်ခုံး OLED ၊ FHD+ 120Hz နဲ့ peak brightness 1500 nit ထွက်ပါတယ်။
prcessor ကို Snapdragon 7s Gen 3 chipset နဲ့ မောင်းထားပြီး RAM 12GB/256GB storage အထိ ပါပါတယ်။ အပူထိန်းဖို့အတွက် 6050mm VC အအေးပေးစနစ်လည်း ထည့်ထားပြီး ကျောဘက်စက်ဝိုင်းပုံကင်မရာအိမ်ထဲမှာ OIS ပါ 50MP IMX896 sensor နဲ့ 2MP depth sensor တို့ တပ်ပေးထားပါတယ်။
realme P3 Pro ကို Nebula Glow , Galaxy PUrple နဲ့ Saturn Brown သုံးရောင်နဲ့လာပြီး 8/128GB မော်ဒယ်ကို ၂၃၉၉၉ ရူပီး (၂၇၆ ဒေါ်လာ) နဲ့ အမြင့်ဆုံး 12/256GB မော်ဒယ်ကို ၂၆၉၉၉ ရူပီး (ဒေါ်လာ ၃၁၀) ဈေးနဲ့ သတ်မှတ်ထားပါတယ်။
flat frame နဲ့လာတဲ့ P3x ကတော့ MediaTek ရဲ့ Dimensity 6400 SoC ကို ပထမဆုံး သုံးထားတဲ့ဖုန်းဖြစ်ပြီး RAM 8GB /256GB storage ပါပါတယ်။ screen size ၆.၇၂ လက်မရှိပြီး 120Hz FHD+ LCD display နဲ့ လာပါတယ်။ ကျောဘက်လေးထောင့်ပုံကင်မရာအိမ်ထဲမှာ 50MP Main sensor နဲ့ 2MP depth sensor ထည့်ပေးထားပါတယ်။
realme P3x ကိုတော့ Lunar Silver , Midnight Blue နဲ့ Stellar Pink သုံးရောင်နဲ့ ထုတ်ထားပြီး 6/128GB မော်ဒယ်ကို ၁၃၉၉၉ ရူပီး (၁၆၁ ဒေါ်လာ) နဲ့ 8/256GB မော်ဒယ်ကို ၁၄၉၉၉ ရူပီး (၁၇၂ ဒေါ်လာ) ဈေးနဲ့ ရောင်းချသွားမှာပါ။
