ခရမ်းချဥ်သီးပန်ထွေဖျော်နည်း
######################
ပါ၀င်ပစ္စည်းများ
*****************
- ခရမ်းချဥ်သီး
- ပုဇွန်ခြောက်မှုန့်
- နံနံပင်
- ကြက်သွန်မြိတ်
- ငရုတ်သီးမှုန့်
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ငံပြာရည်
- ဆီ
- ဆား
ပြုလုပ်နည်း
____________
- ခရမ်းချဥ်သီးကို ရေစင်အောင်ဆေးပြီး ဆား ဒါမှမဟုတ် ငံပြာရည် နဲနဲထည့်ပြီး နူးအောင်ပြုတ်ပါ။
- မီးသွေးမီး ဒါမှမဟုတ် ထင်းမီးနဲ့လည်း မီးဖုတ်လို့ရပါတယ်။
- ကြက်သွန်ဖြူ ပုဇွန်ခြောက် ကို ခရမ်းချဥ်သီးနဲ့ ရောထောင်းပါ။
- ညက်ရင် ပန်းကန်ထဲ ထည့်ပြီး ဆီထည့်ပါ။
- ပြီးရင် ကြက်သွန်နီ နံနံပင် ကြက်သွန်မြိတ်တို့ကို ပါးပါးလှီးပြီး ထည့်ပါ။
- ငရုတ်သီး မှုန့် ထည့်ပါ။
- သက်သတ်လွတ် ချင်ရင် ပုဇွန်ခြောက် ငံပြာရည် တို့မထည့်ပဲ သုံးဆောင်နိုင်ပါတယ်။
