10 w - Translate

ကိုယ်ခန္တာလှုပ်ရှားမှု ကနေ လျှပ်စစ်စွမ်းအင် များစွာ ထုတ်နိုင်တဲ့ ကိရိယာကို တီထွင်
===============================================
ကိုယ်ခန္တာ လှုပ်ရှားမှု ကနေ လျှပ်စစ်စွမ်းအင် ထုတ်ပေးနိုင်တဲ့ ကိရိယာတွေ ထွက်ပေါ်လာတာ ကြာပါပြီ။ ဒါပေမယ့် အဲဒီ ကိရိယာတွေဟာ လျှပ်စစ်စွမ်းအင် အနည်းငယ်ပဲ ထုတ်ပေးနိုင်တာ ဖြစ်ပါတယ်။
အခုတော့ အဆပေါင်း ၂၈၀ လျှပ်စစ် စွမ်းအင် ပိုမို ထုတ်ပေးနိုင်တဲ့ ကိရိယာကို တောင်ကိုရီးယားမှ Daegu Gyeongbuk Institute of Science and Technology (DGIST) ရဲ့ သုတေသနပညာရှင်တွေက တီထွင်လိုက်ပါတယ်။
အဲဒီကိရိယာမှာ အားသက်ရောက်တဲ့အခါ လျှပ်စစ်စွမ်းအင် ထုတ်ပေးနိုင်တဲ့ Piezoelectric Effect ကို အသုံးပြုထားပါတယ်။ ပြေးတာ၊ လမ်းလျှောက်တာ၊ လေ့ကျင့်ခန်းလုပ်တာတွေကနေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပေးနိုင်ပါတယ်။
အဲဒီ နည်းပညာကို စမတ်နာရီ၊ Fitness Tracker နဲ့ စမတ်ဖုန်းတွေမှာ ထည့်သွင်းနိုင်ရင် အားသွင်းစရာတောင် မလိုတော့ပါဘူး။

image