10 w - Translate

အရင်က ပင်ပန်းလွန်းလာရင်
ရပ်ပစ်လိုက်ဖို့ကိုပဲ
အတွေးဝင်တယ်။
နည်းနည်းလေးအရွယ်ရောက်လာတော့
အဲလိုမဟုတ်တော့ဘူး
ငါရပ်လိုက်မယ်ဆိုရင်
ဘယ်သူတွေဝမ်းနည်းကြမလဲ
ဘယ်သူတွေ စိတ်မကောင်းဖြစ်မလဲ
အတွေးဝင်လာတယ်။
အရွယ်တစ်ခုက စကားပြောလာပြီထင်တယ်...
အဲလိုအတွေးမျိုးဖြစ်လာတဲ့အခါ
ရပ်ပစ်ချင်စိတ်ကအလိုလိုပျောက်သွားတယ်။
ခဏလောက်နားလိုက်မယ်
ဒါပြီးရင်ဆက်သွားမယ်လို့ပဲ
ဆုံးဖြတ်ထားတယ် ။
ကလေးဘဝတုန်းကလို
ပျင်းရင်မလုပ်ချင်ဘူး လို့
ငိုလို့ရတဲ့ ငြင်းလို့ရတဲ့
အရွယ်လည်းမဟုတ် တော့ဘူးလေ
ကိုယ့်ကိုထောက်ပံ့ပေးနေတဲ့
လူသားတွေကိုပြန်ကြည့်ရတော့မယ်
အားနာတတ်ရတော့မယ်
အားကိုးတကြီးနဲ့ ကိုယ့်ကို
အများကြီး မျှော်လင့်ထားတဲ့သူတွေအတွက်
အကောင်းဆုံး တစ်ခုခုတော့
ကိုယ်ပြန်လုပ်ပေးသင့်တယ်လို့
ပြန်လုပ်ပေးရမယ်လို့
ကိုယ်ထင်တယ်။
ကိုယ်ကြိုးစားရမယ်။
အချိန်အကြာကြီး တင်းခံနေပြီး
လက်လျှော့မပစ်ခဲ့တာ
ရပ်တန့်မပစ်ခဲ့တာ က
ကိုယ့်အတွက် ရှိနေတဲ့လူတွေကြောင့်ပါ။
အဲဒီအသိလေးတစ်ခုနဲ့ပါ။
ဘဝဆိုတာကိုယ်ဖြစ်ချင်တာ မဖြစ်ပါဘူး

image