လီဗာပူးလ်အသင်းဟာ တကယ်လို့ထရန့်ဒ်အလက်ဇန်းဒါးအာနိုးအနေနဲ့ ၂၀၂၅ နွေရာသီကာလမှာအသင်းကနေပြောင်းရွှေ့သွားခဲ့မယ်ဆိုရင်တော့ ဘယ်နောက်ခံနေရာအတွက်ခေါ်ယူအားဖြည့်ရန်ဖီယင်နုအသင်းလူငယ်ညာနောက်ခံကစားသမား ဂီဗာအီရိုရက်ဒ်ကိုခေါ်ယူဖို့စောင့်ကြည့်မှုရှိတယ်လို့သတင်းတွေကဖော်ပြခဲ့ပါတယ်။
ထရန့်ဒ်အလက်ဇန်းဒါးအာနိုးအနေနဲ့ ဒီနွေရာသီကာလမှာလီဗာပူးလ်အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးဖို့ရှိနေပြီး ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ချိတ်ဆက်နေတဲ့သတင်းတွေအတော်လေးထွက်ပေါ်နေတာကြောင့် ကြိုးကြာနီအသင်းအနေနဲ့ အသင်းဆီခေါ်ယူအာဖြည့်မဲ့ရွေးချယ်စရာကစားသမားအဖြစ် ဖီယင်နုအသင်းရဲ့ညာနောက်ခံကစားသမား ဂီဗာအီရိုရက်ဒ်ကိုစောင့်ကြည့်နေတယ်လို့ Liverpool Echoသတင်းကဖော်ပြခဲ့ပါတယ်။
အဆိုပါလူငယ်ညာနောက်ခံကစားသမား ဂီဗာအီရိုရက်ဒ်အနေနဲ့ ပြီးခဲ့တဲ့နှစ်တုန်းက ဖီယင်နုအသင်းကြီးနဲ့အတူပွဲထွက်ကစားလာခဲ့တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းကလည်း ဂီဗာအီရိုရက်ဒ်ကိုစိတ်ဝင်စားမှုရှိနေတဲ့နောက်ထပ်တသင်းဖြစ်ပြီး အဆိုပါဒတ်ချ်ကစားသမားရဲ့ကစားပုံကိုစောင့်ကြည့်နေတယ်လို့ The Sunday Mirror သတင်းကဖော်ပြခဲ့ပါတယ်။
အဆိုပါလူငယ်နောက်ခံကစားသမားကိုခေါ်ယူရာမှာမန်ချက်စတာယူနိုက်တက်အသင်းရဲ့မျှော်လင့်ချက်ရှိနေပြီး သတင်းတွေရဲ့ဖော်ပြချက်အရတော့ ဂီဗာအီရိုရက်ဒ်အနေနဲ့တကယ်လို့သူ့အနေနဲ့ပရီးမီးယားလိဂ်ပြောင်းရွှေ့ကစားရမယ်ဆိုရင်တော့ အန်ဖီးကွင်းဆီပြောင်းရွှေ့ကစားချင်နေတာဖြစ်ပါတယ်လို့ဆိုပါတယ်။
#ဘောလုံးသတင်းစုံ
