10 w - Translate

ဗဟန်းမြိုရှိ Japanese Restaurant တွင် လူသတ်မှုဖြစ်ပွား
********************
(မှုခင်း) ဖေဖော်ဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြိုနယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ ဦးချစ်မောင်လမ်း၊ အမှတ်(၁၃၆)၊ Japanese Restaurant တွင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်အချိန်ခန့်က Japanese Restaurant ဆိုင်သို အမည်မသိ အမျိုးသား ၆ ဦးရောက်ရှိလာပြီး တံခါး‌ခေါက်သဖြင့် ဆိုင်ဝန်ထမ်းဖြစ်သူ အောင်ဇော်ထက် နှင့် အတူ ၃ ဦးမှ ဆိုင်အပြင်သိုထွက်မေးမြန်းစဉ် အဆိုပါ ၆ ဦးအနက်မှ ဘောင်းဘီတို၊ အနက်ရောင်စွပ်ကျယ်ဝတ်ထားသူမှ အောင်ဇော်ထက်၊ ၃၃ နှစ်အား ဓါးဖြင့်ထိုးသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဓားဖြင့်ထိုးခံရသူ အောင်ဇော်ထက် တွင် ဝမ်းဗိုက်ချက်အောက် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ (အူ-ထွက်)၊ ယာခါး‌နောက်ထိုးသွင်းဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးသွားခဲ့ပြီး အမည်မသိ အမျိုးသား ၆ ဦးအနက်မှ တရားခံတစ်ဦးကိုဖမ်းဆီးရမိထားကြောင်း သိရသည်။

imageimage