10 w - Translate

မင်္ဂလာဒုံမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦး ဖမ်းဆီးရမိ
*********************
(မှုခင်း) ဖေဖော်ဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုမြောက်ပိုင်း ကျောမခင်းလမ်းသွယ် ၂ ခန်းတွဲလိုင်းခန်းတွင် မူးယစ်ဆေးဝါးသုံးစွဲနေသူ တစ်ဦးအားဖမ်းဆီးရမိကြောင်း သိရသည်။
ယမန်နေ့ည ၁၀ နာရီအချိန်ခန့်က နယ်မြေတာဝန်ခံရဲကင်မှူးနှင့် ပူးပေါင်းအဖွဲ့များလှည့်ကင်းပတ်ကင်းဆောင်ရွက်နေစဉ် ကျောမခင်းလမ်းသွယ် ၂ ခန်းတွဲ လိုင်းခန်းရှိ အခန်းပိုင်ရှင် ဦးမင်းမင်း ပိုင်ဆိုင်သောနေအိမ်လိုင်းခန်းတွင် ငှားရမ်းနေထိုင်သူ အောင်ထွန်းဦး၊ ၄၄ နှစ်၊ (ဘ)ဦးတင်ဝင်း(ခ)ဦးမြင့်ဦး၏ အခန်း၌ မူးယစ်ဆေးဝါးများရောင်းချသုံးစွဲနေကြောင်း ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ ဝင်ရောက်ရှာဖွေရာ တရားခံ အောင်ထွန်းဦး ၏အိပ်ယာပေါ်တွင် စက္ကူဗူးဝါအတွင်းတွင် စက္ကူအိတ်အစိမ်းဖြင့်ထည့်ထားသော စိတ်ကိုပြောင်းလဲစေသော WY အပန်းရောင်စိတ်ကြွရူးသွပ်မူးယစ်ဆေးဝါး ၄၅ ပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား သဃ်န်းကျွန်းကြီးကျေးရွာအုပ်စုအပိုင် ရဲကင်းမှူးမှ ရှာဖွေပုံစံဖြင့် စနစ်တကျသိမ်းဆည်းကာ တရားခံ အောင်ထွန်းဦး အား မူးယစ်ဆေးဝါးဥ ပဒေပုဒ်မ မယ ၁၉(က)ဖြင့်အမှုဖွင့်လှစ်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

image
image
image