10 w - Translate

ဘိုင်ယန်လည်း နောက်ဆုံးမိနစ်သွင်းဂိုးရလိုက်လို့သာပဲ။ အယ်လ်ဖွန်ဆိုဒေးဗီးစ်ရဲ့‌ ချေပဂိုးသာမရရင် ဆဲလ်တစ်ကို အိမ်ကွင်းမှာ သရေပဲကစားနိုင်ပြီး အချိန်ပို၊ ပင်နယ်တီအထိပါ ဆက်သွားနိုင်တယ်။ ဒါဆိုရင် ဘာမဆိုဖြစ်သွားနိုင်ပြီး ဆဲလ်တစ်အတွက် အခွင့်အရေးတွေပါ အများကြီး ရှိသွားခဲ့မယ့်သဘောပါ။

ကွန်ပနီရဲ့ အသင်းက ခြေကျလာတာလား၊ ဘာလားတော့ မသိဘူး။ တိုက်စစ်ပိုင်းက တဒိုင်းဒိုင်းသွင်းနေရာကနေ အခုကျတော့ ပြန်ပြီးခြောက်ကပ်သွားတယ်။ ပထမအ‌ကျော့ ဆဲလ်တစ်ကွင်းမှာ ၂-၁ နဲ့ နိုင်ထားခဲ့လို့သာပဲ။ အိမ်ကွင်းမှာ ဦးဆောင်ဂိုးပေးရပြီး နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ ချေပဂိုးရပြီး နောက်တဆင့်ကို တက်သွားခဲ့တာပါ။

image