" ကြက်သားသုပ် " 🍗🥗🌶
ကြက်ရင်အုံ အသား ကို
ဂျင်း၊ ကြက်သွန်မြိတ် (Leek)
ရေထည့်ပြီး ပြုတ်တယ်။
ကြက်သွန်ဖြူ၊ ကြက်သွန်နီ ၊
ငရုတ်သီးအနီ အခြောက်အတောင့် (မရှိလို့)
ကိုရီးယား ငရုတ်သီးအမူန့် ကို
အစားထိုးအသုံးပြုတယ်။
နံနံပင် အမြစ်လေးတွေကိုလည်း
( လွင့်မပစ်ရလေအောင်) ထည့်သွင်းအသုံးပြုပြီး
အားလုံးကို စီးပိုင်ပြီး
ညက်နေအောင် ထောင်းတယ်။
စိုက်ထားတဲ့ အပင်ကနေ ရှောက်ရွက်လေးခူးတယ်။
ဘောစိမ ဝယ်လာပေးတဲ့ နံနံပင် လေးရယ်
ဓားလေး နဲ့ နူတ်စင်းစင်းတယ်။
အရသာအတွက် တရုတ်ပဲငံပြာရည် ၊အရသာမူန့်
သို့မဟုတ် အချိုမူန့် ၊ နှစ်သက်ရာထည့် ပြီး
လှီးထားတဲ့ သံပုရာသီး လေး ညစ်ထည့်သုပ်တယ် ။
စပ်စပ်လေးနဲ့ ရှယ်ပါပဲ 😋
