10 ပတ် - ဘာသာပြန်ပါ။

လူသားတွေရဲ့ စိတ်ကို ၈၀ ရာခိုင်နှုန်း တိကျစွာ ဖတ်နိုင်တဲ့ Meta ရဲ့ AI
=======================================
လူသားတွေရဲ့ ဦးနှောက်ထဲမှာ ကိရိယာတွေကို ခွဲစိတ် ထည့်သွင်းပြီး ဦးနှောက်လှိုင်းတွေကို တွက်ချက်ကာ လူသားတွေရဲ့ စိတ်ကို ဖတ်နိုင်တဲ့ နည်းပညာတွေအကြောင်း သတင်းတွေမှာ တွေ့ခဲ့ကြရပြီးပါပြီ။
အခုတော့ Meta ရဲ့ AI နည်းပညာက လူ့ဦးခေါင်းကို ခွဲစိတ်ပြီး ကိရိယာတွေ ထည့်သွင်းစရာ မလိုဘဲ လူသားတွေရဲ့ စိတ်ကို ဖတ်နိုင်ပါတယ်။ ၈၀ ရာခိုင်နှုန်းတောင် တိကျစွာ ဖတ်နိုင်တယ်လို့ Meta က ပြောပါတယ်။ ဒီနည်းပညာဟာ စကားမပြောနိုင်တဲ့ လူတွေအတွက် အရမ်းကို အသုံးဝင်လာမှာ ဖြစ်ပါတယ်။
Meta ရဲ့ AI Model မှာ Magnetoencephalography (MEG) နဲ့ Electroencephalography (EEG) ကို အသုံးပြုထားပါတယ်။ AI Model ကို Volunteer ၃၅ ယောက်နဲ့ လေ့ကျင့်ပေးထားပြီး Volunteer တွေက စာရိုက်တာကို AI က ခန့်မှန်းရတာ ဖြစ်ပါတယ်။ Meta က AI ဟာ ၈၀ ရာခိုင်နှုန်း တိကျစွာ ဖတ်နိုင်တယ်လို့ ပြောပါတယ်။
လက်ရှိမှာ Meta က AI Model ကို ဆက်လက် ဖန်တီးနေပြီး အနာဂတ်မှာ စကားမပြောနိုင်တဲ့ လူသားတွေဟာ ဆက်သွယ်စကားပြောနိုင်တော့မှာ ဖြစ်ပါတယ်။

image