အမျိုးသမီးတစ်ဦးကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူအမျိုးသမီး ထောင် (၁၀) နှစ်ကျ
ဖေဖော်ဝါရီ ၁၈
အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူအား လူကုန်ကူးမှုဖြင့် မူဆယ်ခရိုင်တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
အဆိုပါ လူကုန်ကူးခဲ့သူမှာ ရှမ်းပြည်နယ် မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်စက်မှုရပ်နေ မငြိမ်းလင်းနွယ် (ခ) ဝိုင်း ဆိုသူဖြစ်သည်ဟုသိရပြီး ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့ မန်ရန်ကျေးရွာတွင်နေထိုင်သည့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို တရုတ်ယောက်ျားထံ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်သဖြင့် မငြိမ်းလင်းနွယ် (ခ) ဝိုင်း ဆိုသူအား မူဆယ်မြို့မရဲစခန်းက (ပ) ၂၃၄/ ၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၄ ရက်တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ် ကျခံစေရန် မူဆယ်ခရိုင်တရားရုံးမှ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#သတင်းဟင်းလေးအိုးကြီး
