10 w - Translate

လိုအပ်လို့ပါ အရှုံးပေးတာပါ
=================
စစ်သူကြီးတစ်ယောက်ဟာ
စစ်တုရင်ကစားတာ အရမ်းတော်ပါတယ်။
ဘယ်သူကမှသူ့ကိုနိုင်အောင် မကစားနိုင်ပါဘူး။
တစ်နေမှာ
စစ်သူကြီးဟာသူ့ရဲ့စစ်တပ်နဲ့ အတူစစ်တိုက်ထွက်လာရင်း
ရွာလေးတစ်ရွာကို ဖြတ်ကျော်လာကြတော့
အဲ့ရွာကအိမ်သေးသေးလေးတစ်လုံးမှာ
တစ်နိုင်ငံလုံးရဲ့စစ်တုရင်ကစားရာမှာနံပါတ်တစ် ဆိုတဲ့
ဆိုင်းဘုတ်ချိတ်ထားတာ သွားတွေ့ကြတယ်။
စစ်သူကြီးဟာမယုံတဲ့အတွက်အိမ်ရှင်ကိုသွားရှာပြီး
စစ်တုရင်ပြိုင်ကစားကြတာအိမ်ရှင်က(၃)ကြိမ်လုံးရှုံးခဲ့တော့
စစ်သူကြီးက ရယ်မောပြီးပြောတယ်
ဟားဟား.မောင်မင်း ဆိုင်းပုဒ်ကြီးဖြုတ်ပစ်လိုက်တော့
ဆိုပြီး စိတ်ကျေနပ်စွာနဲ့ စစ်တိုက် ထွက်သွားတော့တယ်။
မကြာခင်မှာပဲ
စစ်သူကြီးတို့ဟာ စစ်အောင်နိုင်လို့ တိုင်းပြည်ကိုပြန်လာကြရာ
အဲ့ဒီရွာကိုပြန်ရောက်တော့ ဆိုင်းဘုတ်ကို
အရင်နေရာမှာပဲ ရှိနေသေးတာ ထပ်တွေ့တယ်။
ဒါနဲ့အိမ်ရှင်ကို
ထပ်သွားတွေ့တော့ နောက်ထပ် စိန်ခေါ်
စကားပြောကြရင်းထပ်ကစားဖြစ်ကြတယ်။
ဒီတစ်ခါကျတော့စစ်သူကြီးက
(၃)ပွဲလုံးဆက်တိုက်ရှုံးသွားတယ်
စစ်သူကြီး အရမ်းအံသြ သွားတယ်။
အဲ့ဒါနဲ့ အိမ်ရှင်ကိုမေးတာ ဘာကြောင့်လည်းပေါ့။
အိမ်ပိုင်ရှင်ကပြောပြတာက
အရင်အခေါက်တုန်းက
အသင်စစ်သူကြီးမှာ စစ်ထွက်တိုက်ရမဲ့ တာဝန်ကြီးရှိနေတယ်။
ကျွန်တော်မျိုးအနေနဲ့အသင်စစ်သူကြီးကိုစိတ်ဓါတ်ကျအောင်
စိတ်အားကို ချိုးပစ်လို့မသင့်ဘူး။
ဒီတစ်ခေါက်အသင်စစ်သူကြီးက
"စစ်အောင်နိုင်ပြီး ပြန်လာပြီဆိုတော့ ကျွန်တော်မျိုးလည်း
ပညာ လျှိုထားစရာ မလိုတော့ဘူးပေါ့ တဲ့။
တကယ်တော်တဲ့သူဆိုတာ
အနိုင်ရနိုင်ပါရဲ့သားနဲ့ မလိုအပ်ဘဲ အနိုင်မယူ
ခွင့်လွှတ်နိုင်စွမ်းရှိအောင် စိတ်သဘောထားကြီးတဲ့သူပါပဲ။
လက်တွေ့ဘဝမှာလည်း
အတူတူပါပဲ သိနေလည်း မလိုအပ်ဘဲ ပြောစရာမလိုပါဘူး။
မပြောဘူးဆိုတာက မသိလို့လည်း မဟုတ်ပါဘူး။
#storyarchive
#crd

image