10 ပတ် - ဘာသာပြန်ပါ။

ChatGPT 5 ကို Unlimited free ပေးသုံးသွားမယ့် OpenAI
AI ဈေးကွက်ပြိုင်ဆိုင်မှုတွေရဲ့ ကောင်းကျိုးက users တွေ ပစ္စည်းကောင်းသုံးရတာပါပဲ။
အဆင့်မြင့် features တွေအတွက် လစဉ်ကြေး ဒေါ်လာ ၂၀၀ အထိ ကောက်တဲ့ OpenAI တောင် သူ့နောက်ထွက်မယ့် model ကို free users တွေ စိတ်ကြိုက်သုံးခွင့်ပေးလောက်အောင် သဘောကောင်းလာလို့ပါ။
နောက်ပိုင်း ထွက်လာမယ့် ChatGPT -5 ဆို chatgpt အကောင့်ရှိတဲ့သူတိုင်း free သုံးလို့ ရတော့မယ်လို့ ဆိုပါတယ်။ OpenAI ရဲ့ နောက်မျိုးဆက် GPT-5 က GPT series ရဲ့ စွမ်းဆောင်ရည်နဲ့ o စီးရီးရဲ့ reasoning models တွေ ပေါင်းစပ်ထားတဲ့ AI စွမ်းဆောင်ရည်တွေ ပါလာမှာပါ။
ဒီမျိုးဆက်သစ် AI model က o3 နဲ့ တလောက ဖြန့်ချိထားတဲ့ Deep Research လုပ်ဆောင်ချက်လို နည်းပညာတွေ တစ်စုတစ်စည်းတည်း ပေါင်းထားတဲ့ system တစ်ခု အဖြစ် မြင်ရမှာပါ။ o3 reasoning model ကို product သပ်သပ် ထုတ်တာမျိုး မလုပ်တော့ပါဘူး။
GPT-5 ကို free users တွေရဲ့ standard intelligence setting မှာလည်း unlimited access ပေးထားပြီး Plus plan သုံးသူတွေကို ပိုအဆင့်မြင့်တဲ့ higher level intelligence နဲ့ run နိုင်အောင် စီစဉ်ထားပါတယ်။ Pro users တွေကတော့ Plus plan သမားတွေထက် ပိုအဆင့်မြင့်တဲ့ intelligence level နဲ့ သုံးနိုင်မှာပါ။
OpenAI က ကုဒ်နာမည် Orion လို့ ထွက်ထားတဲ့ GPT -4.5 ကိုလည်း ဖြန့်ချိဖို့ လုပ်ထားပါတယ်။ ဒီ AI model အကြောင်း မသိရသေးပေမယ့် o1 reasoning model သုံးထားတဲ့ ဒီမော်ဒယ်က GPT- 4 model ထက် အဆပေါင်း ၁၀၀ အထိ ပိုပြီး စွမ်းဆောင်ရည်မြင့်မယ်လို့ ဆိုပါတယ်။
ChatGPT 4.5 နဲ့ GPT-5 တွေ ထွက်မယ့်ရက် OpenAI ဘက်က မပြောသေးပါဘူး။

image