10 ပတ် - ဘာသာပြန်ပါ။

#ဂွတ်ဘိုင်ဘလတ်ဒီးမေရီ
#ပါပီယွန်
ကွဲပြားတဲ့ ဘဝပေးအခြေအနေတွေကြောင့်
လူတန်းစေ့နေနိုင်ဖို့အတွက် ကြိုးစားရုန်းကန်
ကြရတဲ့ လူငယ်တွေရဲ့ ဘဝတွေရယ်
ခေတ်ပညာတတ်ထားရုံနဲ့ အခြေမခိုင်တော့တဲ့
ခေတ်လူငယ်တွေရဲ့လေလွင့်ရာမျောနေတဲ့
ဘဝတွေရယ်
ကိုယ့်ပြည်ကိုယ့်ရွာမှာ ကြိုးစားချင်ပေမယ့် တက်လမ်းရယ်လို့မရှိတဲ့အခါ အခွင့်အလမ်း
တွေဆိုတာလဲဝေး ......
ရွှေ့ပြောင်းလုပ်သား​တွေအဖြစ်တိုင်းတစ်ပါးမှာကျားကုတ်ကျားခဲရပ်တည်ရတဲ့ အချို့သော ဘဝတွေ
ခေတ်ပညာတတ်လူငယ်လေးတွေဆိုပေမယ့်တိုင်းတစ်ပါးရောက်တဲ့ အခါ ကျွန်သာသာရယ်
နေတတ်မှ လူလုံးလှမယ့်ဘဝတွေ..မြေနှိမ့်ရာလှံစိုက်ချင်ကြတဲ့ လူယုတ်မာအချို့ရဲ့ လုပ်ရပ်တွေကဖတ်ရင်းနဲ့ကြက်သီးတွေပါတဖြန်းဖြန်းထစေတဲ့အထိ။..
လူလိမ်တွေ လူလည်တွေများတဲ့ ကြောက်စရာလောကကြီးထဲမှာ ကျင်လည်ရင်း နူးညံ့နွေးထွေးတဲ့ အချစ်ဇာတ်လမ်းလေးတွေလဲ ရှိနေပြန်တယ်။
နောက်နေ့ဘာဖြစ်မလဲ ဆိုတာမသိနိုင်တဲ့ ဘဝတွေမို့ဒီနေ့အတွက်အကောင်းဆုံးရှင်သန် နေကြရတဲ့ဘဝတွေ......
တရားမဝင်လုပ်သားတွေအဖြစ် တိုင်းတစ်ပါးမှာတရားမဝင်နေနေကြရတဲ့ ဘဝတွေက လုံခြုံမှုမရှိ။
ဘယ်ချိန်မှာဘာဖြစ်မလဲမသိ ကျီးလန့်စာစားနေရတဲ့အခြေအနေမှာတောင် နေတတ်အောင်နေကြရတဲ့ဘဝတွေအကြောင်း နောင်တစ်ချိန်မှာ ပြန်ပြောပြရင် ပုံပြင်တစ်ပုဒ်လိုနားထောင်လို့ကောင်းပေမယ့် ဖြတ်သန်းခဲ့ရတဲ့သူတွေအတွက်ကတော့ ပြန်မရောက်ချင်တော့တဲ့အတိတ်တွေပေါ့....
ဒီစာအုပ်က ဝထ္တုမဟုတ်ဘဲ လက်တွေ့ဖြစ်ပျက်ခဲ့ဖြစ်နေဆဲ ဘဝတွေကိုရေးသားထားဖော်ပြထားတဲ့အတွက် ဇာတ်လမ်းလေးကနူးညံ့နေမှာတော့မဟုတ်ဘူး....
"မသေခင်တုန်တုန်ချိချိနဲ့သူ့အိပ်ကပ်ထဲက
ပလပ်စတစ်အထုပ်ကလေးကိုနှိုက်ထုပ်ပြီး
လက်နဲကျစ်ကျစ်ပါအောင်ကိုင်ထားရင်း
အသက်ထွက်သွားတာပဲ
ဘာလေးလဲဗျာဆိုပြီးစပ်စုမိတော့
သူ့ကိုပွေထားတဲ့ဗမာက ငိုယိုပြီးပြောတယ်
သူ့အမေရဲ့ဆံပင်နဲ့သွားအကျိုးလေးတွေတဲ့"
ဒီအခန်းလေးဖတ်မိတဲ့အချိန်ကဆို ရင်ထဲနစ်ခနဲ
ဖြစ်သွားရတယ်...ဆိုးလိုက်တဲ့ဘဝေတွပါလားလို့လေ
"မခိုးဘူး မဝှက်ဘူး ထမင်းငတ်လို့အလုပ်
လာလုပ်မိပါတယ် အမေဒေါ်အောင်ဆန်းစုကြည်
ကယ်ပါ ...ချက်ကြီး(ကျောက်မြောင်း)"ဆိုတဲ့ ထောင်နံရံပေါ်က စာတန်းလေး
"အကို့ကိုကယ်ပါညီမလေး"
"မေမေနဲ့ဖေဖေ သားအိမ်ပြန်ချင်တယ်"
ဒီလို စာတန်းတွေ
'အမေခုထိ သူ့အိမ်ထဲကနေ အပြင်ထွက်လို့မရသေးဘူး
ကိုချက်ကြီးရာ...(ပါပီယွန်)' လို့ကျနော်သူ့စာကြောင်းအောက်မှာသွားပွတ်တံအနှောင့်နဲ့ရေးခြစ်ခဲ့လိုက်တယ်'
ဆရာပါပီယွန်ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းတွေကို
ဒီစာအုပ်လေးဖတ်ရင်း သိတန်သလောက်သိ
ခွင့်ရခဲ့ပါတယ်...
'မေရီရေ...ငါ့အချစ်လေးရေ ...ဘလတ်ဒီးမေရီ
လေးရေ ...ကံဆိုးမလေးရေ ...ငါ့ကိုခွင့်လွှတ်ပါ..ငါမင့်ဆီ ပြန်မလာနိုင်တော့ဘူးကွာ...'
ဒီစာအုပ်ထဲကလေ ဝတ္ထုတစ်ပုဒ်ဖတ်ရသလို ဖွဲ့ဖွဲ့နွဲ့နွဲ့အရေးအသားမျိုးတွေတွ့ရမှာမဟုတ်သလို ပွင့်ပွင့်လင်းလင်း နဲ့ တစ်ကယ့် လူနေမှုဘဝကအသုံးအနှုန်းတွေအတိုင်း တစ်ထပ်တည်းကျအောင်ရေးသားဖော်ပြထားတာမလို့ ...... လက်တွေ့ဆန်ဆန်ဘဝတွေကိုမြင်ချင်ရင် ဖတ်လို့ပဲပြောချင်ပါတယ်....
ခုထိ ဒီစာအုပ်ထဲကလိုဘဝတွေရှိနေသေးတယ်... ခေတ်တွေသာပြောင်းသွားမယ်
တချို့သောလူနေမှုဘဝတွေက မပြောင်းလဲပဲ လူတန်းစေ့နေနိုင်ဖို့အတွက်ရုန်းကန်နေကြရဆဲပါပဲ...
#ဂွတ်ဘိုင်ဘလတ်ဒီးမေရီ

image