ရေခဲသေတ္တာကို Safeguard မခံဘဲ တိုက်ရိုက်သုံးရာမှ အပူလွန်ကဲ၍ သီရိရတနာဈေးတွင် ဆိုင်ခန်း ၃ ခန်းမီးလောင်မှု ယနေ့နံနက်ပိုင်းက ဖြစ်ပွား

ဖေဖော်ဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်၊ သီရိရတနာဈေးဝန်းတွင် ယ​နေ့ (ဖေဖော်ဝါရီလ ၁၄ ရက်) နံနက် ၃ နာရီ ၄၄ မိနစ်ခန့်က ဆိုင်ခန်း ၃ ခန်းမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

မီးလောင်မှုမှာ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုင်ခန်းရှိ ရေခဲသေတ္တာကို Safeguard မခံဘဲ တိုက်ရိုက်သုံးရာမှ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုကြောင့် အလျား ၁၄ ပေ၊ အနံ ၄၅ ပေရှိ အာရ်စီ ၂ ထပ်ရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် အပါအဝင် ဆိုင်ခန်း ၃ ခန်း မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း မီးငြှိမ်းသတ်သူတစ်ဦးကပြောသည်။

မီးလောင်မှုမှာ မိနစ် ၃၀ နီးပါး ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၅ စီး၊ ရေသယ်ယာဥ် ၅ စီး၊ အထောက်အကူပြုယာဥ် ၁ စီး၊ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၅၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၁၃ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

ဆိုင်ခန်း ၃ ခန်း မီးလောင်ဆုံးရှုံးမှုကြောင့် ဆိုင်တာဝန်ခံ အသက် ၂၉ နှစ်အရွယ် ကိုနိုင်လင်းဦးကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် မြောက်ဥက္ကလာပမြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image