10 w - Translate

-ဆရာလင်းခါးစာအုပ်တွေထဲက ဒီစာအုပ်ကိုပထမဆုံးဖတ်ဖူးခြင်းပါပဲ။ဘာရယ်မဟုတ်ဘူး စာအုပ်နာမည်ကဆန်းတာနဲ့ ဝယ်ဖတ်ကြည့်လိုက်တာဆိုပါတော့။သိတာတော့ကြာပြီဗျ။ဒီစာအုပ်နဲ့ပတ်သက်ပြီး review တွေခနခနတွေ့ရလို့ပါပဲ။ ခုဟာကလဲ review ဆိုတာထက် စာအုပ်ဖတ်ပြီး ခံစားချက်အချို့ရေးချင်စိတ်ပေါ်လာလို့ပါ။
-ယျောကျ်ားလေးအများစုသိပြီးဖစ်တဲ့အကြောင်းအရာတွေကိုရေးထားတာဖစ်လို့ ယျောကျားလေးတွေအတွက် 10ကျော်သက်အရွယ်ချာတိတ်ဘဝကိုပြန်သတိရစေမဲ့စာအုပ်လေးပါ။ မိန်းကလေးတေလဲဖတ်သင့်တယ်ထင်တယ်ဗျ။ဆယ်ကျော်သက်အရွယ်တုန်းက ပေပေတေတေ ဂျစ်ကန်ကန်ပုဆိုးချက်ပြုတ်နဲ့ ကောင်းလေးတွေကိုမျက်စိထဲမြင်မှာသေချာတယ်။ဆယ်ကျော်သက်ကောင်လေးတွေအကြောင်းပိုသိရတာပေါ့ဗျာ။
-ခုခေတ်ဆယ်ကျော်သက်တွေအနေနဲ့လည်း အာ့ဒီခေတ်က အငွေ့အသက်ကိုပြန်ခံစားရစေမဲ့စာအုပ်တစ်အုပ်ပါပဲ။
-ဒီစာအုပ်က 1996-2000ခုနှစ်အတွင်း 20 ရာစုကုန်ခါနီး နှစ်တွေရဲ့ ဆယ်ကျော်သက် လူငယ်လေးတွေအကြောင်းကိုပုံဖော်ထားတဲ့ဝတ္ထုပါ။ "ဆယ်ကျော်သက် လူငယ်လေးများအကြောင်း တစေ့တစောင်း "ဆိုပါတော့။
-ဝန်ထမ်းလိုင်းခန်းမှာနေတဲ့ သန့်ဇင်ဆိုတဲ့ 10ကျော်သက်အရွယ်ချာတိတ်လေးတစ်ယောက် လူပျိုမဖြစ်ခင်ကနေစပြီး လူပျိုဖြစ်တဲ့အချိန်ထိ အတွေ့အကြုံတွေကိုရေးပြထားတယ်။သူငယ်ချင်းတွေနဲ့ ပွေခဲ့ရှုပ်ခဲ့တာတွေကိုဖတ်ရင်း ငယ်ဘဝကိုပြန်သတိရမိတယ်။
-ဒီအရွယ်မှာ ယျောကျ်ားလေးအများစုတွေ​့ကြုံရလေ့ရှိတဲ့စိတ်အခြေနေ၊ အတွေးအခေါ်တွေ၊ လိင်ပိုင်းဆိုင်ရာကိစ္စတွေကို လက်တွေ့ကျကျရေးထားတာကိုတွေ့ရတယ်ဗျ။ အရေးအသားက လက်တွေ့ဆန်တဲ့
အသုံးအနှုန်းတွေနဲ့ရေးထားတာမို့ ၁၈နှစ်အောက်မဖတ်သင့်ဘူးဆိုပြီး ရေးပြထားပါတယ်။ ဖတ်ရင်လဲဘာမှတော့မဖစ်ပါဘူး။ခုခေတ်ကလေးတေက ပိုတောင်သိနေတတ်ကြတာမျိုးလေ။
-ယျောကျ်ားလေးအများစု
ဆယ်ကျော်သက်အရွယ်မှာ အားကျရတဲ့ ကိုယ့်ထက်အသက်ကြီးတဲ့ အကိုကြီး၊ ဦးလေးတစ်ယောက်တော့ရှိတတ်ကြတယ်တဲ့။ကျနော်လဲရှိခဲ့ဖူးတယ်ဗျ။သူတို့လိုက်သလိုလိုက်လုပ်တယ်၊ သူတို့နေသလိုလိုက်နေတယ်။ အကုန်လုံးအတုခိုးတာပေါ့ဗျာ။ အကောင်းအဆ်ုးလဲဘယ်ဝေဖန်တတ်ဦးမာလဲ။ လိုက်ပြီးအတုခိုးတာအများစုကမကောင်းတာတွေကများတယ်ဗျ။
-သန့်ဇင် ဆိုတဲ့ကောင်လေးကလဲ အကိုကြီးတွေ ၊ ဘဲကြီးတွေကိုအားကျပြီး သူတို့လုပ်သမျှပြောသမျှအတုခိုးပြီးအကုန်လုပ်တယ်။အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ပုတု၊မင်းဆန်းတို့နဲ့ ဆယ်ကျော်သက်ပီပီ မဟုတ်တာမှန်သမျှ လက်တည့်စမ်းချင်ခဲ့ကြတယ်။ငါးဖမ်းတဲ့ စွန့်စားခန်းဆို တကယ်သဘောကျတယ်ဗျာ။
-ဒီအရွယ်ကလဲ ပတ်ဝန်းကျင်ကမလုပ်နဲ့ဆိုတာမှရွေးပြီးလုပ်ချင်ကြတဲ့အရွယ်ကိုဗျ။
ဒီစာအုပ်ထဲမှာ ဆေးလိပ်စသောက်တာကစပြီး Masturbate လုပ်တာအထိ ပြစ်ပြစ်နစ်နစ်ကို ရေးထားတာဗျ။ ဖတ်ရတာလွတ်လပ်ပေါ့ပါးနေတာပဲ။လက်တွေ့လဲဆန်တော့ပိုမိုက်တာပေါ့ဗျာ။
-ကျနော်တို့ကိုယ်တိုင်လဲ သန်ဇင်တို့ သူငယ်ချင်းတစ်သိုက်လောက် မပွေခဲ့ဘူးဆိုပေ့မယ် ကိုယ့်နည်းကိုယ့်ဟန်နဲ့တော့ ဆိုးခဲ့ပွေခဲ့ကြတာပဲလေ။
တချို့အချက်တေကတော့လုံးဝအတူတူပဲဗျာ။စာအုပ်ဖတ်နေရင်း ငယ်ဘဝကိုပြန်သတိရတော့ ကြည်နူးပြီး လွမ်းသလိုလိုခံစားရတယ်ဗျ။
-ဘုရားစင်ပေါ်နဲ့၊ ကိုယ်တော်ကြီးကိုယ်တော်လေးတို့ကပ်ထားတဲ့ ပိုက်ဆံတွေကို ယူတဲ့အခန်းဖတ်ရင်းနဲ့ ပြုံးတောင်ပြုံးမိသေးတယ်။ ကိုယ်တေတုန်းကလဲ ဒိုးပစ်ရင်းရှုံးရင် ဘုရားနဲ့ကိုယ်တော်ကြီးတို့ပဲ အားကိုးခဲ့ရတာကိုး။တပည့်တော်နိုင်ရင် ပြန်ထားပ့မယ်ဆိုတာကပါသေးတာ။တကယ်နိုင်ရင်တော့ဗိုက်ထဲရောက်တာပါပဲ။(ငယ်ငယ်ကတော့အာ့လိုပြောလိုက်ရင် နိုင်အောင် လုပ်ပေးမယ်လို့ထင်ခဲ့တာကိုး။)
-အရှေ့ပိုင်းအခန်းတွေမှာ ဖတ်ရတာ လွတ်လပ်ပေါ့ပါး သလောက်ဗျာ နောက်ပိုင်းအခန်းတွေရောက်တော့ လွမ်းစရာအပြည့် ရင်တနင့်နင့်နဲ့ ဖတ်ရတာ မောနေရောပဲ။ ရယ်စရာပြီးရင် မောစရာလာတတ်တယ်ဆိုတာ ဒါမျိုးထင်ပါရဲ့ဗျာ။
-သန်ဇင်ဆိုတဲ့ကောင်လေးဟာ အချစ်ဦး၊ အချစ်ရဆုံးသူငယ်ချင်းတွေနဲ့ အဝေးကြီးဝေးခဲ့ရတယ်။အချစ်ရဆုံး လို့သတ်မှတ်ထားတဲ့ ရည်းစားဦး ဟန်နီမင်းလွင်ဆိုတဲ့ ကောင်မလေးနဲ့လဲနီးဝေးခဲ့ရတယ်။ ဝေးတာမှဗျာ ဘယ်တော့မှကို ပြန်မဆုံနိုင်တော့တဲ့ ဝေကွာခြင်းမျိုးနဲ့ဝေးခဲ့ကြတာဗျ။နောက်ပြီး အကိုအရင်းလိုချစ်ရခင်ရ အားကျရတဲ့ အကိုကြီးနဲ့လဲဝေးခဲ့ရတယ်။
-ချစ်ရတဲ့သူတွေ၊သူငယ်ချင်းတွေနဲ့ ခနတာခွဲရတဲ့ ခံစားချက်တောင် ရင်ထဲဟာသလိုကြီးဗျ။ တချို့ခံစားချက်တွေရဲ့ အတိမ်အနက်က စကားလုံးတွေနဲ့ဖော်ပြလို့တောင်မရဘူး။ ကိုယ်တိုင်ခံစားဖူးမှသိတာမျိုးဗျ။
-အသဲကွဲပုဇဥ်းပျံဆိုတဲ့အတိုင်း သန့်ဇင်နေရာကနေ အသဲကွဲ ရင်မောရတာလဲအကြိမ်ကြိမ်ပါပဲဗျာ။ ဟန်နီ လေးနဲ့ ဝေးရတဲ့နောက်ဆုံးအခန်းတွေဖတ်ပြီး ငိုင်နေရောပဲဗျို့။ကိုယ်မြတ်နိုးရတဲ့အရာတစ်ခုကို ဆုံးရှုံးလိုက်ရတာမျိုး။ဘယ်တော့မှပြန်မရနိုင်တော့ဘူးဆိုတဲ့ခံစားချက်မျိုးဗျ။တကယ်တကယ်။
-ထွေထွေထူးထူးမှတ်သားစရာမပါပေမယ့်လဲ ရသမျိုးစုံပေးနိုင်တဲ့စာအုပ်တွေထဲကတစ်အုပ်ပါပဲ။တချို့အခန်းတွေက စစ်အစိုးရကိုဒဲ့ဖဲ့ထားတာ သဘောကျတယ်ဗျာ။အမှန်တရားကနည်းနည်းတော့ခါးတယ်ဆိုတာမျိုးပေါ့ဗျာ။ ထားပါလေ။ဒါတေပြောရင်ဒေါတေပါတယ်။

image