10 w - Translate

ပြိုင်ဘက်ကင်း Grok 3 AI ထွက်လာတော့ မယ်လို့ အီလွန်မတ်စ်ပြော
OpenAI ကို လိုက်ဖိုက်နေတဲ့ အီလွန်မတ်စ်က သူ့ရဲ့ xAI ထုတ် မော်ဒယ်သစ်က ထွက်ဖူးတဲ့ chatbots တွေထက် သာမယ်လို့ ပြောပါတယ်။
အီလွန်မတ်စ်က မကြာခင် ထွက်လာမယ့် Grok 3 chatbot ကို အမွှန်းတင်လိုက်တာပါ။ အီလွန်မတ်စ်ပြောသလိုဆို Grok 3 က လန့်လောက်အောင် smart ဖြစ်မယ်လို့ ပြောပါတယ်။ Grok 3 က ဖြန့်ချိဖို့ နောက်ဆုံးအဆင့် ရောက်နေပြီလို့လည်း ပြောပါတယ်။
အခု ဒူဘိုင်းမှာ ကျင်းပနေတဲ့ ကမ္ဘာ့အစိုးရဆန်းမစ်မှာ video conference နဲ့ ပြောသွားတာပါ။ Grok 3 ရဲ့ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းက ထွက်ခဲ့သမျှ chatbots မော်ဒယ်တွေထက် သာနေတယ်လို့ စမ်းသပ်ချက်တွေက ပြနေတယ်လို့ ဆိုပါတယ်။ ဘယ်မော်ဒယ်တွေလို့ နာမည်တပ်မသွားပေမယ့် ChatGPT-4o ဖြစ်ဖို့ များပါတယ်။
Grok 3 မှာက တကယ့် real-world အချက်အလက်တွေကို တုပထားတဲ့ synthetic ဒေတာတွေနဲ့ လေ့ကျင့်ထားပြီး အချက်အလက်တွေကို ရှေ့နောက်လွန်းထိုးသွားပြီး အမှားတွေ ပြန်ရှာနိုင်တယ်လို့လည်း ဆိုပါတယ်။ Grok 3 က နောက်တစ်ပတ်နှစ်ပတ်အတွင်း ထွက်လာဖို့လည်း ရှိပါတယ်။
လောလောဆယ်တော့ အီလွန်မတ်စ်က OpenAI ရဲ့ nonprofit အဖွဲ့အစည်းကို ဒေါ်လာ ၉၇.၄ ဘီလျံ ပေးဝယ်မယ်လို့ ပြောထားပါတယ်။ တစ်ဖက်မှာလည်း မတ်စ်က OpenAI CEO ဆမ်အော့တမန်နဲ့ တချို့ကို OpenAI ကို အကျိုးအမြတ်ရှာလုပ်ငန်းအဖြစ် ပြောင်းတဲ့ကိစ္စအတွက် တရားစွဲထားပါတယ်။

image