သိုဝှက်နက်ရှိင်းသောခံစားချက်များ
ဇာတ်အေးအေးလေးကိုမှ တစိမ့်စိမ့်အတွေးထဲစီးမျောခံစားချင်သူတွေအကြိုက်တွေ့မယ့် ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်ကားလေးကတော့ ယောက္ခမဖြစ်သူလီလာမာနဲ့ ချွေးမဖြစ်သူအန်ဂျူးကြားကခံစားချက်တွေကို ပုံဖော်ထားတဲ့family dramaလေးဆိုပေမဲ့ မထင်မှတ်ထားတဲ့plot twistလေးတွေလည်း ပါဦးမှာပါ။
ချစ်သူရှိပေမဲ့ မရေရာတဲ့အနာဂတ်ကို ပုံမအပ်ချင်တာကြောင့် အိမ်ကပေးစားတဲ့သူကိုမျက်စိမှိတ်ပြီးယူလိုက်ရတဲ့အန်ဂျူးရဲ့ဘဝမှာ ပျော်ရွှင်မှုဆိုတာ ဆိတ်သုဉ်းနေတာပေါ့။
ခင်ပွန်းဖြစ်သူသောမတ်စ်ကူတီကလည်း အန်ဂျူးကိုချစ်ရှာပေမဲ့ ကံဆိုးချင်တော့ မင်္ဂလာဆောင်ပြီးမကြာခင်မှာပဲ သောမတ်စ်တစ်ယောက် အကြီးအကျယ်နာမကျန်းဖြစ်ပြီးအိပ်ရာထဲလဲတော့ ရောဂါသည်ခင်ပွန်းနဲ့ ယောက္ခမလီလာမာကို ပြုစုရတဲ့တာဝန်ကအန်ဂျူးပခုံးပေါ်ရောက်လာတော့တာပေါ့။
နဂိုကတည်းကမှ အချစ်နဲ့စခဲ့တဲ့အိမ်ထောင်ရေးမဟုတ်ရတဲ့ထဲ ဝန်ပိုတွေတိုးလာချိန်မှာမွန်းကြပ်နေတဲ့ အန်ဂျူးတစ်ယောက် ခင်ပွန်းကိုပါ ထပ်ပြီးဆုံးရှုးလိုက်ရတဲ့အပြင်သင်္ဂြိုဟ်ခါနီးမှာမှ ရေဘေးကထပ်သင့်ပြန်ပါတယ်။
အလောင်းကြီး အိမ်ထဲထားပြီး တစ်နေ့တာကိုမွန်းကြပ်စွာနဲ့ သမီးယောက္ခမနှစ်ယောက်ဖြတ်သန်းနေတုန်း အန်ဂျူးတစ်ယောက် ချစ်သူဟောင်းနဲ့ အဆက်အသွယ်ပြန်ရပြီးမထင်မှတ်ထားတာတွေ ဖြစ်လာချိန်မှာတော့.....
(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ V ~ BpL တိုပဲဖြစ်ပါတယ်။)
#storymode
